ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၄ နှစ်ချမှတ်

နေပြည်တော် ၊ ဒီဇင်ဘာ၆-၂၀၂၁
KT(VOM)
 
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့် အမှုများအနက်မှ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုကို ဒီဇင်ဘာ ၆ ရက်နေ့ ဒီနေ့မှာ နေပြည်တော် အထူးတရားရုံးက ၄ နှစ်ချလိုက်ကြောင်းတရားရုံးအသိုင်းအဝိုင်းက သိရပါတယ်။
 
နိုဝင်ဘာ ၃၀ ရက်နေ့က အပြီးသတ်အမိန့်ချရန်ချရန်စီစဥ်ထားသော်လည်း အမိန့်မချဖြစ်ဘဲ ဒီဇင်ဘာ ၆ ရက်နေ့ကို အမိန့်ချရန်ပြောင်းလဲခဲ့ကြောင်း၊အဆိုပါအမှုမှာတရားခံပြသက်သေ သီးခြားတင်သွင်းခဲ့ခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ထွက်ဆိုခဲ့သောအမှုဖြစ်ကြောင်းသိရပါတယ်။
 
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့
အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုခံထားရတဲ့အမှုနဲ့ ပုဒ်မ ၅၀၅(ခ)တို့အတွက် ဒီကနေ့ ဒီဇင်ဘာ ၆ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ အပြီးသတ်အမိန့်ချလိုက်တာပါ။
 
အလားတူ သမ္မတဦးဝင်းမြင့်ကိုလည်း ၅၀၅ (ခ) နဲ့ ၂နှစ် နဲ့ သဘာဘေးစီမံ ပုဒ်မနဲ့ ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။
 
ဒေါက်တာမျိုးအောင် ကိုလည်း ၅၀၅ (ခ) နဲ့ ၂နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
 
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုဥပဒေနဲ့ နေပြည်တော်၊ ဘုရားကုန်းရဲစခန်းမှာ အမှုထပ်ဖွင့်ထားပါသေးတယ်။
 
အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ နဲ့ (၂) မှု၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁ (ဂ) ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ တွေအပါအဝင် အမှုပေါင်း ၁၂မှုနဲ့ တရားစွဲထားပြီး အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #အဂတိလိုက်စားမှုဥပဒေ #ဦးဝင်းမြင့် #ဒေါ်အောင်ဆန်းစုကြည်

Related posts

Leave a Comment

VOM News

FREE
VIEW