မြန်မာနိုင်ငံက အမုန်းစကားတွေကြောင့် Facebook ကိုဒေါ်လာဘီလီယံ ၁၅၀ ရလိုမှုနဲ့ ရိုဟင်ဂျာတွေ တရားစွဲ

၀ါရှင်တန်၊ ဒီဇင်ဘာ-၇-၂၀၂၁
မျိုးဆက်(VOM)
 
Facebook ပေါ်မှာ ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ အမုန်းစကားတွေကို ခွင့်ပြုခဲ့တယ်ဆိုပြီး အမေရိကန်နဲ့ ဗြိတိန်က ရိုဟင်ဂျာဒါဇင်များစွာဟာ Facebook ကို တရားစွဲလိုက်ပါတယ်။
 
ဖိနှိပ်ခံရတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် အကြမ်းဖက်မှုတွေကို အားပေးမြှင့်တင်တဲ့ အမုန်းစကားတွေကို Facebook ကခွင့်ပြုခဲ့တယ်ဆိုပြီး တရားစွဲတဲ့ ရိုဟင်ဂျာတွေက ဒေါ်လာဘီလီယံ ၁၅၀ ကျော် လျော်ကြေးတောင်းခံထားပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေကို Facebook က မှတ်ချက်ပြုတုံ့ပြန်တာမျိုးမရှိသေးပါဘူး။ Facebook ဟာ အမုန်းစကားနဲ့ အန္တရာယ်ရှိတဲ့သတင်းမှားတွေကို နှစ်ပေါင်းများစွာ ဆက်လက်ခွင့်ပြုထားတယ်လို့လည်း စွပ်စွဲခံနေရပါတယ်။
 
အခုတရားစွဲတဲ့ ရိုဟင်ဂျာတွေအတွက် ရှေ့နေလိုက်ပေးတဲ့ ဗြိတိန်ဥပဒေကုမ္ပဏီတခုက Facebook ကိုပေးပို့တဲ့ စာမှာတော့ Facebook ရဲ့ Algorithms နည်းပညာဟာ ရိုဟင်ဂျာတွေအပေါ်အမုန်းပွားမှုတိုးပွားစေတာ၊ မြန်မာနိုင်ငံရေးအခြေအနေကိုသိရှိတဲ့ စိစစ်သူတွေနဲ့ အချက်အလက်စစ်ဆေးသူတွေအပေါ် ရင်းနှီးမြုပ်နှံဖို့ ပျက်ကွက်တာတွေရှိတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကို နှိုးဆွတဲ့ အကောင့်တွေကို ဖျက်တာ သို့မဟုတ် အကြောင်းအရာတွေကို ဖျက်ဖို့ပျက်ကွက်တာနဲ့ မီဒီယာတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက သတိပေးမှုတွေရှိခဲ့ပေမယ့် အချိန်နဲ့ တပြေးညီ အရေးယူလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW