မြန်မာစစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်း ပေ့ခ်ျ၊ ဂရု နဲ့အကောင့်တွေကို Facebook ဖယ်ရှားတော့မယ်

နယူးယောက်၊ ဒီဇင်ဘာ-၇-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာစစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ပေ့ခ်ျတွေ၊ ဂရု တွေနဲ့ အကောင့်တွေကို ထပ်မံဖယ်ရှားသွားမယ်လို့ Facebook က ဒီနေ့ ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
ဒါဟာ မြန်မာစစ်ဘက်နဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလကတည်းက ကြေညာထားတဲ့ တားမြစ်ပိတ်ပင်မှုတွေကို ထပ်မံတိုးချဲ့လိုက်တာလို့လည်း Facebook ကဆိုပါတယ်။ လက်ရှိမှာလည်း မြန်မာစစ်ဘက်ပိုင်လုပ်ငန်းတွေ Facebook မှာကြော်ငြာခွင့် ပိတ်ပင်ထားပါတယ်။
 
ဒီလိုလုပ်ဆောင်တာဟာ မြန်မာစစ်ဘက်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ငွေကြေးဆိုင်ရာ တိုက်ရိုက်ပတ်သက်မှုရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက စုစည်းဖော်ပြထားတဲ့ အချက်အလက်တွေအပေါ် အခြေခံလုပ်ဆောင်တာလို့ ဆိုပါတယ်။
 
အမေရိကန်၊ အီးယူနဲ့ အခြားနိုင်ငံတကာအစိုးရတွေကမြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ၊အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စုစည်းထားတဲ့အချက်အလက်တွေကိုလည်း အခြေခံပြီး လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။
 
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ ၂၀၁၉ ခုနှစ်အစီရင်ခံစာကို အခြေခံပြီး ကုလသမဂ္ဂရဲ့လက်ရှိပြဌာန်းထားတဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်နဲ့အညီ အခုလိုအရေးယူမှုတွေပြုလုပ်တာလို့ ဆိုပါတယ်။
 
လက်ရှိမြန်မာနိုင်ငံနဲ့ပတ်သက်တာတွေကို ဆက်လက်စောင့်ကြည့်နေပြီး မြန်မာပြည်သူတွေ ဘေးကင်းရေးအတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ Facebook ကထုတ်ပြန်ထားပါတယ်။
 
Ref: Facebook
#voiceofmyanmar #VOM #နယူးယောက

Related posts

Leave a Comment

VOM News

FREE
VIEW