ဗြိတိန်မှာ အိုမီခရွန်ဗိုင်းရပ်စ်နေ့စဥ်ကူးစက်မှု ၁၀၀၀၀ ကျော်ထိ စံချိန်တင်

လန်ဒန်၊ ဒီဇင်ဘာ- ၁၉-၂၀၂၁
မျိုးဆက်(VOM)
 
ဗြိတိန်နိုင်ငံမှာ အိုမီခရွန်ဗိုင်းရပ်စ် နေ့စဥ်ကူးစက်မှုဟာ ၁၀၀၀၀ ကျော်ထိစံချိန်တင်နေပြီး လုံလောက်တဲ့အစီအမံတွေမလုပ်ဘူးဆိုရင် ဆေးရုံတက်ရသူအရေအတွက် တိုးလာနိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေကပြောပါတယ်။
 
ဒီဇင်ဘာ ၁၈ ရက်တနေ့တည်းမှာ ကိုဗစ်ကူးစက်ခံရသူ ၉၀၀၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲက ၁၀၀၅၉ ဦးဟာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဖြစ်တယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။
 
လက်ရှိချိန်ထိ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်းဟာ ၂၅၀၀၀ ကျော်ထိရှိလာပြီဖြစ်ပါတယ်။ အဓိက ကူးစက်မှုဖြစ်နေတာကတော့ အဂ်လန်မှာဖြစ်ပြီး ရှစ်ဦးသေဆုံးကာ ၈၅ ဦးဆေးရုံတင်ထားရပါတယ်။
 
လန်ဒန်မှာ ဗိုင်းရပ်စ်ကူးစက်မှုရဲ့ ၈၅ရာခိုင်နှုန်းဟာ အိုမီခရွန်ဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ လာမယ့်နှစ်ပတ်အတွင်းမှာ ဆေးရုံတက်ရသူအရေအတွက် အကြီးအကျယ်မြင့်တက်လာနိုင်တယ်လို့ သူတို့က သတိပေးထားပါတယ်။
 
လက်ရှိမှာတော့ အိုမီခရွန်ဗိုင်းရပ်စ်ကာကွယ်ရေးအစီအမံတခုအဖြစ် ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုတွေကို ဗြိတိန်အစိုးရက အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။
 
Ref: NHK
Photo:Getty Images
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW