မန္တလေးမြို့က ဝိန့်လီရွှေဆိုင်မှာ သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်မှုဖြစ်ပွားခဲ့

ဒီဇင်ဘာ ၁၈-၂၀၂၁
Voice Of Myanmar
 
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၈၀ ၂၈၂၉ကြားရှိ ဝိန့်လီရွှေဆိုင်ကို ဒီကနေ့ညနေပိုင်းက သေနတ်တွေဖောက်ပြီး ဓားပြတိုက်သွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်ကနေ သိရပါတယ်။
 
” ရွှေဆိုင်ရှေ့ကို ဆိုင်ကယ်၂စီးနဲ့ လူ၄ယောက်လာတယ်၊ သေနတ်တွေဖောက်ပြီး ဆိုင်ထဲက ရွှေဆွဲကြိုးနဲ့ လက်ကောက်တွေ ယူသွားတယ်၊ အရေအတွက်တော့
ပြောလို့မရသေးဘူး စစ်ဆေးဆဲပါ”လို့ သတင်းရင်းမြစ်တဦးကပြောပါတယ်။
 
ဒေသခံတဦးကလည်း “အမက ဝိန့်လီဘေးက ဖိနပ်ဆိုင်မှာဖိနပ်ဝယ်နေတုန်း သေနတ်သံ ၃ချက်ကြားလိုက်တာ၊၅နာရီဆယ်မိနစ်လောက်ကပါ၊ပထမတချက်ကြားပြီး ၃မိနစ်လောက်နေတော့၂ချက်ဆက်တိုက်ကြားပြီး ညီမတို့လဲ ပြန်လာလိုက်တာ”လို့ ပြောပါတယ်။
 
ဓားပြတိုက်မှုဖြစ်ပွားအပြီးမှာ စစ်တပ်နဲ့ရဲတွေရောက်လာပြီး လမ်း၈၀ပေါ်မှာ စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
 
ဝိန့်လီရွှေဆိုင် ဓားပြတိုက်ခံရမှုဖြစ်စဉ်အတွင်း ရွှေထည်အရေအတွက် ဘယ်လောက်ပါသွားတယ်ဆိုတာကိုတော့ VOMအနေနဲ့ ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။
 
မန္တလေးမြို့မှာ မနေ့ ဒီဇင်ဘာ ၁၇ရက်နေ့ ညနေပိုင်းက ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးမှာရှိတဲ့ ကုမ္ပဏီတခု သိန်းပေါင်း ထောင်နဲ့ချီ ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိမှု ရှိမရှိဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
 
#voiceofmyanmar #VOM #မန္တလေး #ဝိန့်လီရွှေဆိုင် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW