ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ထောင် ၃ နှစ် ထပ်မံအမိန့်ချ

ဒီဇင်ဘာ ၂၂-၂၀၂၁
KK(VOM)
 
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဒီကနေ့ မနက်ပိုင်းက ဘားအံထောင်တွင်း အထူးတရားရုံးကနေ ရွေးကောက်ပွဲမဲမသမာမှုဥပဒေပုဒ်မ ၁၃၀
-က နဲ့ ထောင်ဒဏ်သုံးနှစ်ထပ်မံချမှတ်ခဲ့တယ်လို့ NLD ပါတီအသိုင်းအဝိုင်းဆီက သိရပါတယ်။
 
“နောက်ဘယ်အမှုတွေနဲ့ ထပ်ချအုံးမလဲ မသိဘူး အခုဆို ထောင်ချတာ နှစ်၈၀ ရှိပြီ၊ ကျန်းမာရေးကလည်းကောင်းတာမဟုတ်ဘူး”လို့ NLDပါတီဝင်တဦးကပြောပါတယ်။
 
ဒေါ်နန်းခင်ထွေးမြင့်ကို နိုဝင်ဘာလ ၉ရက်က ဘားအံအကျဥ်းထောင် အထူးတရားရုံးမှာပဲ အဂတိလိုက်စားမှုအပါအဝင် အမှု(၅)မှုအတွက် ထောင်ဒဏ် ၇၅ နှစ်ကို ချမှတ်ခဲ့ပါသေးတယ်။
 
အလားတူ မေလ ၃ဝ ရက်ကလည်း နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါသေးတယ်။
 
လက်တလော ဒေါ်နန်းခင်ထွေးမြင့်ဟာ ယခင်ချမှတ်ထားတဲ့ ထောင်ဒဏ် ၂နှစ် ၊၇၅နှစ်နဲ့ ယနေ့ချမှတ်လိုက်တဲ့ ထောင်ဒဏ် ၃ နှစ်ပေါင်းပါက ထောင်ဒဏ်စုစုပေါင်း နှစ် ၈၀ အထိရှိလာပြီဖြစ်ပါတယ်။
 
ကရင်ပြည်နယ်ဝန်ကြီးဒေါ်နန်းခင်ထွေးမြင့်ဟာ ၁၉၉၀ ၊၂၀၁၅၊၂၀၂၀ ရွေးကောက်ပွဲ သုံးကြိမ်လုံးမှာ အနိူင်ရရှိသူတစ်ဦးလည်းဖြစ်ပါတယ်။
 
ပြီးခဲတဲ့ ဒီဇင်ဘာ ၂၀ ရက်ကလည်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိူင်ကို ပုဒ်မ ၅၀၅ (ခ)နဲ့မုံရွာအကျဥ်းထောင် အထူးတရားရုံးက အမိန့်ချမှတ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ကရင#ဝန်ကြီးချုပ် #ဒေါ်နန်းခင်ထွေးမြင့် #ထောင်ဒဏ်ထပ်မံချမှတ်

Related posts

Leave a Comment

VOM News

FREE
VIEW