အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး မြန်မာနိုင်ငံသို့ ယနေ့လာရောက်မယ်

ဒေလီ၊ ဒီဇင်ဘာ-၂၂-၂၀၂၁
မျိုးဆက်(VOM)
 
အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး Harsh Vardhan Shringla ဟာ ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မှာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးစဉ်စတင်မယ်လို့ အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။
 
ဒါဟာ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံ ထိပ်တန်းတာ၀န်ရှိသူတဦးရဲ့ ပထမဆုံးမြန်မာခရီးစဉ်လည်းဖြစ်ပါတယ်။
 
မစ္စတာ Shringla ဟာ သူ့ရဲ့နှစ်ရက်ကြာခရီးစဉ်အတွင်း နစက တာ၀န်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုဆိုင်ရာ ကိစ္စတွေ၊ လုံခြုံရေးဆိုင်ရာ၊ အိန္ဒိယ-မြန်မာ နယ်စပ်အရေးနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
 
မဏိပူရနဲ့ နာဂါလန်းဒေသတို့မှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ စစ်သွေးကြွတွေရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး မစ္စတာ Shringla ကမြန်မာအာဏာပိုင်တွေနဲ့ အဓိကဆွေးနွေးသွားဖို့ရှိနေပါတယ်။
 
မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မဏိပူရနဲ့ နာဂါလန်းအပါအ၀င် ကီလိုမီတာ ၁၆၄၀ ထိ နယ်နိမိတ်ချင်းထိစပ်နေပါတယ်။
 
Photo: ANI
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW