အမြဲစည်ကားတဲ့ မုံရွာဝန်းကျင်က စိတ်ဝင်စားစရာနေရာတွေ ခရီးသွားအတော်ကျဲ

ဒီဇင်ဘာ ၊ ၂၃ ၊ ၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်းမှာ ကားလမ်းဘေး မိုင်းပေါက်ကွဲတာနဲ့ ကျေးရွာတချို့ ပစ်ခတ်တာတွေ ရှိလာတဲ့အတွက် အခုနှစ် ခရီးသွားရာသီမှာ ဘုရားဖူးဧည့်တွေ လာရောက်တာ မရှိဘူးလို့ ခရီးသွား လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
” နှစ်တိုင်းက ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်ရှည်မှာ စစ်ကိုင်းတိုင်းမှာ ဘုရားဖူးခရီးစဥ်နဲ့ ဘုရားဖူးဧည့်တွေ အများအပြားရှိတယ် ၊ ဒီနှစ်က လမ်းဘေးမိုင်း ပေါက်ကွဲတာနဲ့ ကျေးတချို့မှာ ပစ်ခတ်တာတွေ ရှိနေတဲ့အတွက် ဘုရားဖူးဧည့်တွေ မရှိသလို ၊ ခရီးစဥ်တွေလည်း အကုန်နားထားရတယ် ” လို့ မုံရွာအခြေစိုက် မြန်မာပြည်အနှံ့ ဘုရားဖူးခရီးစဥ် ဝန်ဆောင်မှု လုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။
 
” စစ်ကိုင်းတိုင်းမှာ ၁ နှစ်မှ ၄ လပဲ သွားရောက်ဖူးမျှော်ခွင့်ရတဲ့ အလောင်းတော်ကဿပ ဘုရားဖူးခရီးစဥ် ၊ ဖိုလ်ဝင်တောင် ၊ ဗောဓိ ၁ ထောင် ၊ မဟာမြိုင် ၊ ဇလုံတောင်နဲ့ ၊ ပျူယဥ်ကျေးမှု ဟံလင်းကြီး မြို့ဟောင်း စတဲ့ ဘုရားဖူး ၊ အပန်းဖြေ ခရီးစဥ်တွေ အားလုံးနားထားရတယ် ၊ လာမယ့် သွားမယ့် ဧည့်မရှိဘူး ” လို့ ဘုရားဖူးပို့ဆောင်ရေး ယာဥ်လုပ်ငန်းရှင်အုပ်စုက ပြောပါတယ်။
 
ဒါ့အပြင် ဘုရားဖူး လုပ်ငန်းကို အမှီပြုပြီး စားဝတ်နေရေး ရပ်တည်နေရတဲ့ ဒေသထွက်ကုန် လက်ဆောင်ပစ္စည်း စျေးသည်တွေနဲ့ နိဗ္ဗာန်ကုန်စျေးသည်တွေဟာ ၂၀၂၀ က ကိုဗစ်ရောဂါကြောင့် ခရီးသွား ကန့်သတ်ထားတဲ့ကြားက မိသားစု ဘုရားဖူးဧည့် တချို့ လာတာကြောင့် စျေးရောင်းမပျက် အဆင်ပြေးခဲ့ပေမယ့် အခုနှစ် သကြ်န်ရုံးပိတ်ရက် နဲ့ အခြား ရုံးပိတ်ရက်ရှည်ကာလမှာ ဘုရားဖူးဧည့် လာတာမရှိတဲ့အတွက် အများစုက စားဝတ်နေရေး အဆင်မပြေကြဘူးလို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မုံရွာ #ခရီးသွားလာရေး
ပုံစာ ၊ မုံရွာ ဗောဓိ ၁ ထောင် ဘုရားမြင်ကွင်းပုံ

Related posts

Leave a Comment

VOM News

FREE
VIEW