၀ါရှင်တန်၊ အောက်တိုဘာ-၂၈-၂၀၂၁ မျိုးဆက်(VOM) တရုတ်နိုင်ငံက အသံထက်မြန်တဲ့ သံသယဖြစ်ဖွယ် ဒုံးပျံစမ်းသပ်မှုသည် စစ်အေးခေတ်ကကဲ့သို့ လက်နက်ပြိုင်ဆိုင်မှုတွေဖြစ်ဖို့ နီးကပ်နေပြီဖြစ်ကြောင်း အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးတဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ်စစ်ဘက်ဟာ အလျှင်အမြန်ချဲ့ထွင်မှုတွေပြုလုပ်နေတယ်လို့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ မာ့ခ်မီလီက ဘလွန်းဘာ့သတင်းဌာနနဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ အဲဒီဒုံးပျံစမ်းသပ်မှုဟာ အမေရိကန်ကို အံ့အားသင့်စေခဲ့တယ်လို့ ဖိုင်နယ်ရှယ်တိုင်းမ်သတင်းဌာနကလည်း ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံကတော့ ဘယ်လိုဒုံးပျံမျိုးကိုမှ မစမ်းသပ်ဘူးလို့ ပြောဆိုထားပြီး ဒါဟာအာကာယာဉ်စမ်းသပ်မှုဖြစ်တယ်လို့ ဆိုပါတယ်။ မိမိတို့သိထားတာကတော့ ဒါဟာအသံထက်မြန်တဲ့ ဒုံးပျံစမ်းသပ်မှုဆိုတာ အလွန်ထင်ရှားတယ်လို့ ဗိုလ်ချုပ်ကြီး မိုက်မီလီက ဆိုပါတယ်။ ဒါဟာစစ်အေးခေတ်လက်နက်ပြိုင်ဆိုင်မှုလိုဖြစ်ဖို့ နီးကပ်နေပြီလို့ သူကပြောပါတယ်။ ဒါဟာ ယခုနှစ်နွေရာသီမှာ တရုတ်နိုင်ငံက ဒုံးပျံစမ်းသပ်မှုနှစ်ခုပြုလုပ်တယ်ဆိုတာကို အမေရိကန်က ပထမဆုံးအကြိမ်တရား၀င် အသိအမှတ်ပြုလိုက်တာဖြစ်ပြီး အဲဒီဒုံးပျံတွေဟာ အမေရိကန်ရဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို…
Read MoreYear: 2021
မြန်မာ့အရေး အာဆီယံရဲ့အားထုတ်မှုတွေကို ဂျပန်နိုင်ငံထောက်ခံ
တိုကျို၊ အောက်တိုဘာ-၂၈-၂၀၂၁ မျိုးဆက်(VOM) မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ရည်ရွယ်ထားတဲ့ ဘုံသဘောတူညီချက်ငါးချက်အပါအ၀င် အာဆီယံရဲ့အားထုတ်မှုတွေကို ထောက်ခံတယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး ကီရှီဒါဖူမီအိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာ ၂၇ ရက်မှာပြုလုပ်တဲ့ အာဆီယံအဖွဲ့ခေါင်းဆောင်တွေနဲ့ အွန်လိုင်းမှတဆင့် ဆွေးနွေးမှုမှာ ဂျပန်နိုင်ငံခြားရေး၀န်ကြီးက အခုလိုက်ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံအနေနဲ့ ဒေသတွင်းစီးပွားရေး ပြန်လည်ဦးမော့လာစေဖို့အတွက် အာဆီယံနိုင်ငံတွေကို အတိုးမဲ့ချေးငွေတွေ ထုတ်ပေးလျှက်ရှိပြီး အာဆီယံအတွက် ပြည်ပချေးငွေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကနဦးအစီအစဉ်မှတဆင့် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ကီရှီဒါဖူမီအိုက ပြောပါတယ်။ အာဆီယံ-ဂျပန် စီးပွားရေးမူဘောင်အရ အထူးသဖြင့် စီမံကိန်းတွေမှာ အာရှမှာ ဒစ်ဂျစ်တယ်အသွင်းကူးပြောင်းရေးနဲ့ အာဆီယံမှာတော့ ထောက်ပံ့ရေးကွင်းဆက်တွေပြန်လည်ရရှိရေးကို မြှင့်တက်နေကြောင်း သူကပြောပါတယ်။ ဘေးကင်းထိရောက်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ မျှတစွာရရှိရေးကို ဂျပန်နိုင်ငံက အပြည့်အဝထောက်ခံပြီး JICA မှတဆင့် သင်တန်းတွေပေးခြင်းနဲ့ ကျွမ်းကျင်ပညာရှင်တွေ…
Read Moreစက်ဘီးစီးကြစို့
——————— ဆူးငှက် ၁၉၃၀ ဝန်းကျင် ယခုလို တစ်ဝါတွင်း၌ မန္တလေးသူလေးတွေ လှည်းယဉ်ကျော့စီးပြီး မန္တလေးတောင်သို့ ဘုရားဖူးလည်သည့်မြင်ကွင်းကို ဆရာမြို့မငြိမ်းက “တစ်ဝါတွင်း” သီချင်းတွင် “လှည်းနောက်မြီးထက်၊ ခြေတွဲလောင်းလေးယှက်ပြီး သံသာသီတော့ပေ၊ တောင်ခြေ မဝေးတဝေး ဖွေးဖွေးတည်နေ၊ စေတီကျောင်းကနေပြာသာဒ်များနဲ့ ဘုရားဇရပ်တို့ ပျော်စရာပေ အပါးကပ်လို့မျှော်တာတွေ အလားနတ်တို့ပြေ” ဟု ရေးဖွဲ့ခဲ့သည်။ ထိုစဉ်က မန္တလေးသူလေးများသည် အခါကြီးရက်ကြီးရောက်လျှင်ဖြင့် အချင်းချင်း စုရုံးကာ အကြီးအကဲမိဘများကို ခွင့်ပန်ပြီး တန်ခိုးကြီး ဘုရားများသို့ တပျော်တပါး သွားရောက်ကြပေလိမ့်မည်။ သကျသီဟ၊ အိမ်တော်ရာ၊ ချမ်းသာကြီး၊ ချမ်းသာရ၊ ရှင်ပင်ပက်လက်၊ ရွှေကျီးမြင်၊ ရတနာမဉ်္ဇူ၊ ဆုတောင်းပြည့်၊ ဆုတောင်းရ … စသည်ဖြင့် ရှိမှာပေါ့ …။ ဆရာမြို့မငြိမ်းခေတ်က မန္တလေးသူတွေ မန္တလေးတောင်သို့ ဘုရားဖူးသွားကြတော့ လှည်းနောက်မြီးမှာ ခြေတွဲလောင်းလေး ယှက်ပြီး သီချင်းသံပြိုင်သီကြသတဲ့။ သူတို့စီးလာကြသော လှည်းယဉ်တန်းက…
Read Moreကြံစိုက်ပျိုးမှုသမိုင်းမှာ စံချိန်တင်အမြင့်ဆုံးဈေးအဖြစ် ကြံ(၁)တန်ကို ကျပ် ၆သောင်းကျော် တောင်သူတွေရရှိလာ
အောက်တိုဘာ ၂၆-၂၀၂၁ SM(VOM) ပြည်တွင်းလက်ကျန်သကြားတွေ နည်းပါးလာသလို သကြားဈေးတွေ မြင့်တက်နေတာကြောင့် ကြံစိုက်ပျိုးမှုသမိုင်းတလျှောင် စံချိန်တင်အမြင့်ဆုံးဈေးအဖြစ် ကြံတစ်တန်ကို ကျပ် ၆၀၀၀၀ ကျော်အထိ တောင်သူတွေရရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်း သကြားစက်တွေက ကြံဈေးနှုန်းသက်မှတ် ဝယ်ယူရာမှာ စက်တင်ဘာလအတွင်းက သကြားဈေးမြင့်တက်လာမှုနဲ့အတူ ဒေသအလိုက် ကြံတစ်တန်ကို ကျပ် ၅၀၀၀၀-၅၅၀၀၀ ဈေးကနေ အောက်တိုဘာလလယ်မှာ ကျပ် ၆၀၀၀၀အထိ တိုးမြင့်ပေးကာ ဝယ်ယူမှာဖြစ်တယ်လို့ ဂရိတ်ဝေါလ်-ဝေမာသကြားစက်နဲ့ ငွေရည်ပုလဲသကြားစက်ရုံတွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပြည်တွင်းသကြားဈေးပေါ်မူတည်ပြီး အမြင့်ဆုံး ကြံတစ်တန်ကို ကျပ် ၆၄၀၀၀ အထိ ပေးဝယ်မည်ဖြစ်ကြောင်း မောင်းကုန်းဒေသ ကနေ ဂရိတ်ဝေါလ်-ဝေမာ သကြားစက်ရုံက ထုတ်ပြန်ထားရာ သကြားတစ်ပိဿာ ကျပ် ၁၆၀၀ ကို အခြေခံပြီး ကြံတစ်တန်ကျပ် ၆၀၀၀၀ နဲ့ သကြားဈေး တစ်ပိဿာ…
Read Moreမင်္ဂလာဒုံမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ
ရန်ကုန်၊အောက်တိုဘာ ၂၆-၂၀၂၁ KK(VOM) ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဒီကနေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကုန်းတလဘောင်ကျေးရွာ၊ စိန်ပဒေသာပတ်လမ်း၊ အောင်ကောင်းစံကားဝပ်ရှော့ရှေ့မှာ ကုန်းတလဘောင်ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒီကနေ့မနက် ၆နာရီက အမည်မသိသူတွေက ပစ်ခတ်သွားတာဖြစ်တယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။ ကုန်းတလဘောင်ကျေးရွာနေသူတဦးက”သူ့သမီးကို စက်ရုံလိုက်ပို့ပြီးအပြန်မှာ သေနတ်နဲ့အပစ်ခံရတာ၊ အဲ့ဒီနေရာမှာပဲ သေသွားတာ”လို့ ပြောပါတယ်။ သေဆုံးသူဟာ ကုန်းတလဘောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်ဖြစ်ပြီး လက်တလော ကုန်းတလဘောင်ကျေးရွာမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။ အလားတူ ဒီကနေ့မနက် ၉နာရီခွဲကလည်း ပုဇွန်တောင်မြို့နယ်၊ (၉)ရပ်ကွက်၊ ရေကျော်စျေးထိပ်မှာ စျေးသည်အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာရရှိခဲ့တယ်လို့ စျေးရောင်းချသူတဦးကပြောပါတယ်။ သေနတ်နဲ့ပစ်ခံရသူဟာ ရေကျော်စျေးမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ မမျိုးမျိုးဆင့်ဖြစ်ပြီး လည်ပင်းနဲ့လက်မောင်းမှာ ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရတယ်လို့ သူကပြောပါတယ်။ ဒါ့အပြင်…
Read Moreနေပြည်တော်မှာ ပထမဆုံးအကြိမ် ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ
နေပြည်တော်၊ အောက်တိုဘာ ၂၆-၂၀၂၁ KT(VOM) နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာအနီးမှာ ကျေးရွာရာအိမ်မှူးတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတဲ့ဖြစ်စဉ် ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားသူဟာ ဇီးကုန်းကျေးရွာရာအိမ်မှူး ဦးဌေးဒအောင်ဆိုသူဖြစ်ပြီး ကျည်တောင်ကန်ကျေးရွာဘက်ကနေ ဇီးကုန်းဘက်ကို ဆိုင်ကယ်နဲ့ပြန်လာချိန် သေနတ်နဲ့ ၄ချက်ခန့် ပစ်ခတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။ သေနတ်နဲ့ပစ်ခံရတာကြောင့် ဝဲဘက်ရင်အုံ ၁ ချက်၊ ဝမ်းဗိုက်ယာဘက်ခြမ်း ၂ ချက်၊ ဝမ်းဗိုက်ဝဲဘက်ခြမ်း ၁ ချက် ထိမှန်ခဲ့ပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ နေပြည်တော်မှာ အခုလို ပစ်ခတ်ခံရပြီး သေဆုံးတဲ့ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ ပေါက်ကွဲမှုတွေ နေရာအချို့မှာဖြစ်ပေါ်တာလည်း ရှိခဲ့ပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #ရာအိမ်မှူး #ပစ်သတ်ခံရ
Read Moreမြန်မာမပါတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲ ယနေ့စတင်ကျင်းပ
ဘန်ကောက် ၊ အောက်တိုဘာ-၂၆-၂၀၂၁ မျိုးဆက်(VOM) အာဆီယံအဖွဲ့ရဲ့ နှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံက ကိုယ်စားလှယ်မပါ၀င်ဘဲ ယနေ့မှာ စတင်လိုက်ပြီဖြစ်ပါတယ်။ အွန်လိုင်းကနေ ကျင်းပမယ့် သုံးရက်ကြာထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံအဖွဲ့ ခေါင်းဆောင်တွေအပြင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်၊ ရုရှားကခေါင်းဆောင်တွေပါ တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှုအားနည်းတယ်ဆိုကာ နစကကောင်စီဥက္ကဌကို ဒီအစည်းအဝေးကနေ အာဆီယံအဖွဲ့က ဖယ်ထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ၀င်မစွက်ရေးမူဝါဒကို ကာလကြာရှည်ကိုင်စွဲကျင့်သုံးလာတဲ့ အာဆီယံအဖွဲ့ရဲ့ မကြုံစဖူး ဆုံးဖြတ်ချက်တစ်ရပ်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ သွေးထွက်သံယိုမှုတွေကို လျော့ပါးစေဖို့အတွက် အာဆီယံရဲ့အားထုတ်မှုတစိတ်တပိုင်းအဖြစ် ခန့်အပ်ထားတဲ့အထူးသံတမန်နဲ့ အပြည့်အ၀ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေကို စင်ကာပူ၀န်ကြီးချုပ်က ဒီနေ့အစည်းအဝေးမှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ Ref:Aljazeera Photo: Reuters #voiceofmyanmar #VOM #ဘန်ကောက်
Read Moreဆူဒန်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်က ပစ်သတ်
ခါတွမ်၊ အောက်တိုဘာ-၂၆-၂၀၂၁ မျိုးဆက်(VOM) ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေတဲ့ လူအုပ်ကို စစ်သားတွေက ပစ်ခတ်မှုကြောင့် လူငါးဦးထက်မနည်းသေဆုံးသွားပြီး ၈၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ ဆူဒန်စစ်တပ်က အရပ်သားအုပ်ချုပ်ရေးကိုဖျက်သိမ်းကာ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အောက်တိုဘာ ၂၅ ရက်မှာ နိုင်ငံအရေးပေါ်အခြေအနေကြေညာလိုက်ပြီးနောက် လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆူဒန်စစ်တပ်ဟာ မြို့တော်ခါတွမ်မှာ ဆန္ဒပြခေါင်းဆောင်တွေကို တစ်အိမ်တက်ဆင်းရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သတင်းတွေကဖော်ပြထားပါတယ်။ အာဏာသိမ်းမှုကို ကမ္ဘာတစ်၀န်းက ပြစ်တင်ရှုတ်ချနေကြပြီး အမေရိကန်ကလည်း ဒေါ်လာသန်း ၇၀၀ ကူညီမှုကို ရပ်ဆိုင်းလိုက်ပါတယ်။ စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေအပေါ် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုတွေကို ဆူဒန်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖက်တာဘာဟန်က ပြစ်တင်ပြောဆိုလိုက်ပါတယ်။ ဆူဒန်ကို ကာလကြာရှည်အုပ်ချုပ်ခဲ့သူ သမ္မတအိုမာအယ်လ်ဘာရှာကို လွန်ခဲ့တဲ့နှစ်နှစ်က ဖြုတ်ချပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်ဖွဲ့စည်းခဲ့ရာမှာ စစ်တပ်နဲ့ အရပ်ဘက်ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေခဲ့ပါတယ်။ Ref: BBC…
Read Moreမုံရွာ စက်မှုဇုန်ထဲမှာ ရဲအရာရှိ ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး သေနတ် ၂ လက် ပျောက်ဆုံးနေ
အောက်တိုဘာ ၊ ၂၆ -၂၀၂၁ VOM စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက်၊ သမစိတ္တလမ်းနဲ့ စွယ်တော်လမ်းဆုံအနီးမှာ ဒီကနေ့ မနက် အစောပိုင်းက ရဲအရာရှိ ၂ ယောက် သေနတ်နဲ့ပစ်သတ်ခံရပြီး သူတို့ကိုင်ဆောင်ထားတဲ့ သေနတ် ၂ လက် ပျောက်ဆုံးခဲ့တယ်လို့ စက်မှုဇုန်ရပ်ကွက်မှာနေတဲ့ ဒေသခံတွေက ပြောပါတယ်။ မုံရွာနယ်မြေရဲစခန်း ( စက်မှုဇုန် စခန်း)နဲ့ နီးစပ်သူတယောက်က ” စက်မှုဇုန်ထဲမှာ ပစ်သတ်ခံရလို့သေတာက မြဝတီရဲကင်းမှာ တာဝန်ကျနေတဲ့ စက်မှုဇုန် ရဲစခန်းက ဗိုလ်လေး (ဒုရဲအုပ်) ဝင်းကျော်မျိုး နဲ့ ရဲတပ်ရင်း ၃၅ က ဒုရဲအုပ် ဗိုလ်လေး မျိုးမင်းသန့် တို့ ၂ ယောက်ဖြစ်တယ် ၊ သူတို့ ကိုင်ဆောင်တဲ့ ခြောက်လုံးပြူး သေနတ် ၂…
Read Moreတရုတ်ဘက်က ကျူးကျော်ထားတဲ့ နယ်ခြားစည်းရိုးကို မြန်မာဘက်ကဒေသခံတွေ ပြန်ဖျက်ပစ်
အောက်တိုဘာ ၂၆-၂၀၂၁ Shy V(VOM) မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံနယ်စပ်၊ မူဆယ်မြို့နယ်၊ ပန်ခမ်းရွာဘက်မှာ တရုတ်ဘက်ကနေက်ု မြန်မာဘက် နယ်နိမိတ် ကျူးကျော်ထားတဲ့ နယ်ခြားစည်းရိုးကို မနေ့အောက်တိုဘာ ၂၅ ရက်နေ့က ဒေသခံတွေ ပြန်ဖျက်ပစ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဒီနေ့ကတော့ ပန်ခမ်းကျေးရွာ တရုတ်-မြန်မာနယ်စပ် ခြံစည်းရိုး မြန်မာပြည်ထဲမှာ ဝင်လာတာ။ နယ်နိမိတ်ကျူးကျော်တာ၊ ကျွန်တော်တို့ ရွာသူရွာသားတွေ ပြန်လာဖျက်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ မူဆယ်၊ နမ့်ခမ်း တဘက်ကမ်းက ရွာပေါင်း ၁၉ ရွာက အခုလို တရုတ်ဘက်က နယ်နိမိတ်ကျူးကျော်ကာ စည်းရိုးကာရံတာတွေကို လက်မခံတဲ့အပြင် မကြာခဏ ပြန်ဖျက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။ “ငါတို့မြေမှာ တရုတ်တွေ ခြံစည်းရိုးလာဆောက်တာ။ ငါတို့နယ်မြေမှာ ဘယ်သူ့မှ ဆောက်ခွင့်မပေးဘူး။ ငါတို့ မြေ ငါတို့ ကာကွယ်သွားမယ်”လို့…
Read More