အဏုမြူလက်နက်ကိုင်ထားတဲ့ နေတိုး နဲ့ ရုရှားအကြားစစ်ဖြစ်တော့မလား

စစ်ရေးအကဲခတ်တွေ တွက်ထားသလိုဘဲ ယူကရိန်းရဲ့ ဒုတိယမြို့တော် ကာကစ်ဗ် ကို ရုရှား လက်နက်ကြီးတွေ ဗုံးတွေနဲ့ မညှာမတာ ပစ်ခတ်နေသလို မြို့တော် ကီယက်ဖ် မှာလည်း အချက်ပြဥသြဆွဲသံတွေ ပိုစိတ်လာနေပါတယ်။
 
– ကီယက်ဖ်မြို့စွန်မြို့ဖျားက အဆောက်အဦမြေအောက်ထပ်မှာ ခိုနေကြတဲ့ ဘီဘီစီသတင်းထောက်တွေက အဝေးကပစ်ခတ်သံတွေအရှိန်နဲ့ သူတို့နေတဲ့ အဆောက်အဦတောင်တုန်ခါသွားတယ်လို့ ပြောပါတယ်။
 
– နယ်စပ်မှာနေရာယူထားတဲ့ ရုရှားစစ်တပ် ရဲ့ ၇၅ ရာခိုင်နှုန်းဟာ ယူကရိန်းနိုင်ငံထဲမှာ ရောက်နေပြီလို့ ပန်တဂွန်စစ်ဌာနချုပ်ကပြောပါတယ်။
 
– ရုရှားတင့်ကားတွေ အမြောက်တင်ကားတွေပါတဲ့ မိုင်၄၀ ရှည်တဲ့ ရုရှားစစ်ယာဥ်တန်းကြီး မြို့တော်ကီယက်ဖ်ဆီ ဦးတည်သွားနေပါတယ်။
 
– ရုရှားက ယူကရိန်းနိုင်ငံထဲ စနေနေ့က မစ်ဇိုင်းဒုံး အလုံး ၂၅၀၊ တနင်္ဂနွေနေ့က အလုံး ၃၂၀ ပစ်လွှတ်တယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိက အတည်ပြုပါတယ်။
 
– ယူကရိန်းအရှေ့တောင်ပိုင်း ရုရှား နဲ့ ယူကရိန်းနယ်စပ်အနီးက Belgorod မြို့မှာ ဂျီနီဗာကွန်ဗင်ရှင်းက တားမြစ်ထားတဲ့ အင်အားပြင်း vacuum ဗုံးနဲ့ တိုက်ခိုက်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးက ပြောပါတယ် ( ရုရှားတပ်တွေက thermobaric ရော့ကက်လောင်ချာကို ချက်ညှာစစ်ပွဲမှာတုန်းကသုံးခဲ့တယ်လို့ Human Rights Watch ကဆိုပါတယ်) ။
 
– ရုရှားအထူးစစ်ဆင်ရေးတပ်ဖွဲ့ Spetsnaz အပါအဝင် ကင်းထောက်တပ်ဖွဲ့တွေ ကီယက်ဖ်မြို့ နဲ့ တခြားမြို့တွေမှာရောက်နေပါတယ်
– ဘေလာရုစ်နိုင်ငံက ရုရှားတပ်တွေကိုကူဖို့ စစ်ကူတွေပို့နေပါတယ်။
 
– ယူကရိန်းသမ္မတ ဇလန်စကီးခိုအောင်းနေတဲ့ နေရာကို ရုရှားတွေက အပူတပြင်းရှာနေပါတယ်။
 
– ဇလန်စကီးက ယူကရိန်းဘက်ကနေ တိုက်ပေးမယ့် နိုင်ငံခြားသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အပြည်ပြည်ဆိုင်ရာအရန်တပ်ဖွဲ့ တစ်ခု ထူထောင်လိုက်ပါတယ်။
 
– ဗြိတိန်မှာနေထိုင်နေတဲ့ ယူကရိန်းအမျိုးသားအများအပြားက ယူကရိန်းအပြည်ပြည်ဆိုင်ရာ အရန်တပ်ဖွဲ့ထဲ ဝင်ဖို့ ကုန်လမ်းကနေ ထွက်ခွာနေကြပါတယ်။ လိုအပ်တဲ့ စစ်ယူနီဖောင်း၊ စစ်ခမောက်၊ စစ်ဖိနပ် ရှေးဦးသူနာပြုပစ္စည်း ရှေ့တန်းစစ်သည်ရာရှင်အိတ် စသဖြင့် စစ်အသုံးအဆောင်ပစ္စည်းတွေ ဗင်ကားနဲ့အပြည့် ယူသွားကြပါတယ်။ ဗြိတိသျှစစ်တပ်တိုက်ပွဲဝင်ဝတ်စုံအရောင်က ယူကရိန်းစစ်တပ်ဝတ်စုံအရောင်နဲ့ ဆင်တူရိုးမှားဖြစ်လို့ ဗြိတိသျှစစ်တပ်ကမသုံးတော့တဲ့ ဝတ်စုံတွေကို အလကားပေးလိုက်ပါတယ်။
 
– ဇလန်စကီးက ရုရှားဘက်က မစ်ဇိုင်းဒုံးလက်နက်တွေ တိုက်လေယာဥ်တွေ နဲ့ ရဟတ်ယာဥ်တွေ မပျံသန်းနိုင်အောင်လို့ လေနယ်နိမိတ်ကို ( လေယာဥ်ပျံသန်းခွင့်) မပေးဖို့တောင်းဆိုလိုက်ပါတယ် ။
 
စစ်ရေးသုံးသပ်ချက်
 
– ဒီရက်ပိုင်းမှာ ရုရှားက လက်နက်ကြီးတွေ သုံးပြီး ယူကရိန်းမြို့ကြီးတွေကို အကြီးအကျယ် တိုက်ခိုက်တော့မယ်လို့ US, UK စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေက သတိပေးနေပါတယ်။ ရုရှားတပ်တွေက မြို့ပေါ်တိုက်ပွဲတွေကို ကောင်းကောင်းရင်ဆိုင်နိုင်တယ်၊ ရုရှားတပ်တွေဟာ အလွန်ရက်စက်ကြမ်းကြုတ်စွာ တုံ့ပြန်တိုက်ခိုက်မှာဖြစ်လို့ ခလေးနဲ့မိန်းမတွေ မြို့ပေါ်က ထွက်ဖို့ အမေရိကန် အငြိမ်းစားဗိုလ်မှူးချုပ် Mark Kimmitt က သတိပေးလိုက်ပါတယ်။
 
ဒါ့အပြင်တိုက်တာအဆောက်အအုံတွေကိုအကာအကွယ်ယူတိုက်ဖို့ တိုက်တစ်ခုနဲ့တစ်ခုကို မြေအောက်လှိုင်ခေါင်းတူးပြီးဆက်သွယ်ဖို့ အလျော့မပေးပဲ နိုင်အောင်တိုက်ဖို့ အလျော့ပေးလိုက်ရင် အဲဒီ့ အဆောက်အအုံကနေ စစ်သုံ့ပန်းစခန်းဆီတောင်ရောက်မှာမဟုတ်ဘူးလို့ လည်းသတိပေးပါတယ်။
 
– ဗြတိသျှ ဗိုလ်ချုပ်ကြီး Sir Richard Barrons ( ကြည်းရေလေ မဟာဗြူဟာညှိနှိုင်းကွပ်ကဲရေး အကြီးအကဲဟောင်း) က ဗုဒ္ဓဟူးနေ့လောက်ဆိုရင် ရုရှားတပ်တွေက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လာမယ်လို့ ခန့်မှန်းပါတယ်။
 
တိုက်တဲ့အခါမှာ မညှာမတာတိုက်ခိုက်မှာဆိုတော့ အဆောက်အဦ အမြောက်အများပျက်စီးမှာ ဖြစ်သလို အရပ်သားအများအပြား ထိခိုက်သေဆုံးမှာဖြစ်ပါတယ်။
 
ဥရောပသမဂ္ဂနဲ့ မိုင်၃၀၀ လောက် အကွာအဝေးမှာ တိုက်လေယာဥ်နဲ့ဆိုရင် နာရီဝက် ခရီးမှာ ကိုယ်လို သူလို အရပ်သားတွေ အသတ်ခံနေရပြီ ဆိုရင် နေတိုးရဲ့ စစ်အင်အားကို အသုံးပြုဖို့ လူထုကတောင်းဆိုလာမယ်။
 
ဒီလိုတောင်းဆိုလာရင် နေတိုးက လေကြောင်း တိုက်ခိုက်မှုတွေ မလုပ်ရင်တောင် ရုရှားက ယူကရိန်းကို လက်နက်ကြီးတွေနဲ့ တိုက်နေတာကို တန်ပြန်မှာဖြစ်တယ် လို့ ဆိုပါတယ်။
 
နေတိုးကလိုအပ်လို့ ဥရောပလေနယ်နိမိတ် အတွင်း လေကြောင်းပျံသန်းခွင့်ပိတ်လိုက်ရင် နေတိုးတပ်တွေက လေနယ်နိမိတ်ထဲဝင်လာတဲ့ ရုရှားလေယာဥ်ကို ပစ်မှာဖြစ်ပါတယ်။
 
ဘယ်လိုပဲဖြစ်ဖြစ် ပူတင်ရဲ့ ယူကရိန်းစစ်ပွဲက နေတိုး နဲ့ ရုရှားစစ်ပွဲအထိကျယ်ပြန့်လာမှာ ကျိန်းသေပေါက်ဆိုတော့ အဏုမြူလက်နက်တွေ ရှိတဲ့ နေတိုး နဲ့ ရုရှားစစ်ပွဲက တကမ္ဘာလုံးအတွက် ရင်လေးစရာပါ။ သေချာတာတစ်ခုကတော့ ယူကရိန်းစစ်ပွဲက အချိန်အတော်ကြာ တိုက်ရမယ့်စစ်ပွဲ ဖြစ်ပြီး အပြစ်မဲ့ ပြည်သူတွေအများအပြား သေကြေမယ့် စစ်ပွဲဖြစ်ပါတယ်။
 
တင်ထားဆွေ
 
ပုံစာ၊ ကီယက်ဖ်မြို့ဆီ ဦးတည်သွားနေတဲ့ ရုရှာစစ်ယာဉ်တန်း
satellite images from Maxar Technologies

Related posts

Leave a Comment

VOM News

FREE
VIEW