ကမာရွတ်မီဒီယာ တွဲဖက်တည်ထောင်သူ ဦးဟံသာညိန်းထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

မတ် ၂၁ -၂၀၂၂
KK(VOM)

ကမာရွတ်မီဒီယာ တွဲဖက်တည်ထောင်သူ အယ်ဒီတာ ဦးဟံသာညိန်းကို ဒီကနေ့ မနက်ပိုင်းက အင်းစိန်ထောင်ရှိ အထူးတရာရုံးကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

“ဦးဟံသာညိန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့တာဖြစ်တယ်”လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးနေသန်မောင်နဲ့ တွဲဖက်တည်ထောင်သူ အယ်ဒီတာ ဦးဟံသာညိန်းတို့ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မတ်လ ၉ ရက်နေ့က ရန်ကုန်ရှိ ကမာရွတ်မီဒီယာရုံးခန်းမှာ ဝင်ရောက်ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကမာရွတ်အယ်ဒီတာချုပ် ဦးနေသန်မောင်ကို ဇွန်လ ၁၄ ရက်နေ့က ရာဇဝတ်ကျင့်ထုံးဥပ​ဒေပုဒ်မ ၄၄၉ (က)အရ အမှုချုပ်သိမ်းပေးခဲ့ပြီး အမေရိကန်နိူင်ငံကို ဇွန်လ ၁၅ ရက်နေ့မှာပြန်ခိုင်းခဲ့ပါတယ်။

ကမာရွတ်မီဒီယာက အယ်ဒီတာ ဦးဟံသာညိန်းကိုတော့ ဖမ်းဆီးခံရပြီး တစ်နှစ်အကြာမှာ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကမာရွတ်မီဒီယာကို ၂၀၂၁ ခုနှစ် သြဂုတ်လမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ဖမ်းဆီးခံရသူသတင်းထောက်ဦးရေ ၁၀၂ ဦးရှိပြီး လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွှတ်မြောက်လာသူ ၇၀ဦးနဲ့ အကျဥ်းထောင်ထဲတွင်ဆက်လက်ကျန်ရှိနေသူ ၄၂ဦးရှိကာ သေဆုံးသူ ၂ဦးရှိတယ်လို့ Myanmar Press Freedoom In Depth အဖွဲ့မှ ပြုစုထားတဲ့ မှတ်တမ်းတွေအရသိရပါတယ်။

#voiceofmyanmar #VOM #ကမာရွတ်မီဒီယာ #ဟံသာညိန်း #ထောင်ဒဏ်၂နှစ်ချမှတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW