မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာ မနုဿကျော်ဝင်း ကွယ်လွန်

မတ် ၂၂၊၂၀၂၂
KK(VOM)

မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာ မနုဿကျော်ဝင်း(သိပ္ပကျော်စွာ ဦးကျော်ဝင်း)ဟာ ဒီကနေ့ မနက်ပိုင်းက ကွယ်လွန်းသွားတယ်လို့ စာရေးဆရာအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဆရာ မနုဿကျော်ဝင်းကို ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ အဖဦးအုန်းမောင်၊ အမိ ဒေါ်လှရှိန်တို့က ၁၉၄၅ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ငါးယောက်ထဲက သားအကြီးဆုံးဖြစ်ပါတယ်။

ဆရာ့ရဲ့အမည်ရင်းမှာ ကျော်ဝင်းဖြစ်ပြီး ၁၉၆၁-ခုမှ စတင်ကာ ပညာဆည်းပူးခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကနေ မနုဿဗေဒပညာရပ် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့နဲ့ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါတယ်။

၁၉၆၈-ခုနှစ်မှာတော့ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှာ နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဝတ္ထု၊ ဆောင်းပါးများ စတင်ရေးသားရာမှာ ‘ရွှေအိုးလေး’၊ ‘လှမြင့်’၊ ‘မောင်ဝင်းနွယ်(ရန်ကုန် တက္ကသိုလ်)’ နဲ့ ‘တက္ကသိုလ် ဝင်းသူ’ စတဲ့နာမည်တွေနဲ့ရေးသားခဲ့ပါတယ်။

၁၉၆၈ ခုနှစ်မှစတင်ကာ မိမိ အထူးလိုက်စားခဲ့သော မနုဿဗေဒ ပညာရပ်ကို အစွဲပြု၍ ‘မနုဿကျော်ဝင်း’ ဆိုနဲ့ နာမည်နဲ့စတင်ရေးသားခဲ့ပါတယ်။

ကွင်းဆင်းလေ့လာမှု အတွေ့အကြုံတွေကို စာနယ်ဇင်းတွေမှာ ဆောင်းပါးနဲ့ဝတ္ထုတိုတွေအဖြစ် ရေးသားခဲ့ပြီး သုတေသန စာတမ်းများ၊ ဝတ္ထု၊ ဆောင်းပါးများ စုစုပေါင်း ၄၀ဝ-ကျော်ခန့် ရေးသားကာ မြန်မာ့အသံ ယဉ်ကျေးမှု အနုပညာ အစီအစဉ်မှလည်း အသံလွှင့်ခဲ့ပါတယ်။

၁၉၆၉-ခုနှစ်မှာ ယဉ်ကျေးမှုဌာနကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပြီး နာဂတောင်တန်းနဲ့ ပြည်နယ်များကို အကြိမ်ကြိမ် ကွင်းဆင်းလေ့လာခဲ့ပါတယ်။

၁၉၇၃-ခုနှစ်မှာ စာပေဗိမာန် စာမူပြိုင်ပွဲကနေ ‘အခြေခံ ရှေးဟောင်းသုတေသနပညာ’ စာမူနဲ့ သုတပဒေသာ(ဝိဇ္ဇာ)ဆုကို ရရှိခဲ့ပြီး ၁၉၇၅ ခုနှစ်မှာ ‘တက္ကသိုလ် ဘယ်မှာရှိတယ်’ စာမူနဲ့ ဝတ္ထုရှည်ဆုကိုရရှိခဲ့သလို ၁၉၇၇ ခုနှစ်မှာ ‘နောက်အော်နာဂ’ စာအုပ်နဲ့ အမျိုးသား စာပေဆုကို ထပ်မံ ရရှိခဲ့တာဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်မှာ ‘ခရီးကြမ်း ဓလေ့ဆန်းဆန်း’ စာမူနဲ့ စာပေဗိမာန် စာပဒေသာဆု၊ ၁၉၉၅ ခုနှစ်မှာ ‘အိုးခြမ်းပဲ့များ သက်သေထား’ စာမူနဲ့ ပခုက္ကူ ဦးအုန်းဖေ စာပေဝတ္ထုရှည်များ နဲ့ ဆုရရှိခဲ့ပါတယ်။

၂၀၀၁ ခုနှစ်မှာ ‘အခြေခံ ပြတိုက်ပညာ’ စာအုပ်ကို ပြုစုထုတ်ဝေခဲ့ပြီး ၁၉၇၇ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ ဟာဝိုင်ရီပြည်နယ်၊ ဟိုနိုလူလူမြို့ရှိ ‘အရှေ့ အနောက် ဗဟိုရေးရာ တက္ကသိုလ်’ (East-West Centre)မှာ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ ပြတိုက် ပညာတော်သင်အဖြစ် ၆ လတာမျှသွားရောက် လေ့လာခဲ့ပါတယ်။

ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုးရီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ဖိလိပိုင်နိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ ပြင်သစ်နိုင်ငံနှင် စင်ကာပူနိုင်ငံတွေကို သွာရောက်ခဲ့တာလည်းရှိပါတယ်။

ဆရာ မနုဿကျော်ဝင်းဟာ ယဉ်ကျေးမှု ဗိမာန် ဦးစီး ဌာန၊ တိုင်းရင်းသား ယဉ်ကျေးမှု သုတေသဌာနခွဲမှာ သုတေသန အရာရှိအဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ပြီး ပြတိုက်မှူးကြီး၊ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နဲ့ ရှေးဟောင်း သုတေသနဦးစီးဌာနမှာ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အမျိုးသားညီလာခံမှာ ကိုယ်စားလှယ်အဖြစ်လည်းတာဝန် ထမ်းဆောင်ခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် စာပေနှင့် စာနယ်ဇင်းအဖွဲ့မှာလည်း ဗဟိုအလုပ်အမှုဆောင်နဲ့ ကော်မတီဝင် အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။

ဆရာ မနုဿကျော်ဝင်း ကွယ်လွန်ချိန်မှာတော့ အ
သက် ၇၇ နှစ်ရှိပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #စာရေးဆရာအသင်းဥက္ကဌ #ဆရာမနုဿကျော်ဝင်း #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW