ပုလဲမြို့နယ်ထဲက မီးဘေးသင့်ပြည်သူ‌တွေ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများစွာကြုံတွေ့နေ

မတ် ၂၅-၂၀၂၂
Voice Of Myanmar

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းပိုင်းကစပြီး ယနေ့အချိန်အထိ ရွာပေါင်း (၁၀)ရွာကျော်အထိ မီးရှို့ခံခဲ့ရပြီး မီးရှို့ခံရမှုကြောင့် နေအိမ်ပေါင်း (၁၅၀၀)ဝန်းကျင်မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

မီးဘေးသင့်ရွာသားတွေအနေနဲ့ တချို့မှာနီးစပ်တဲ့ဆွေမျိုးသားချင်းအိမ်တွေမှာခိုလှုံနေကြရသလို တချို့ကတောထဲမှာ ဖြစ်သလိုနေနေကြရတဲ့အပြင် မီးလောင်စဉ်က ဘာမှသယ်ယူနိုင်ခြင်းမရှိဘဲ အဝတ်တထည်၊ကိုယ်တခု နဲ့ထွက်ပြေးခဲ့ရတာကြောင့် လက်ရှိမှာ စားဝတ်နေရေးအခက်အခဲတွေလည်း ကြုံတွေ့နေကြပါတယ်။

အခုလက်ရှိ နွေရာသီရောက်ရှိလာချိန်မှာတော့ မီးဘေးသင့်ပြည်သူတွေဟာ နွေရဲ့အပူကို အန်တုနိုင်ဖို့အတွက် ဒေသခံ ပရဟိတလူငယ်တွေဦးဆောင်ပြီး တန်ဖိုးသင့် ထန်းလက်တဲလေးတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေကြပါတယ်။

အဲ့ဒီအစီအစဉ်မှာ ကျေးရွာလူငယ်အဖွဲ့က ထန်းလက်တဲတလုံးအတွက် ငါးသောင်းကျပ် မတည်ပေးပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ ဆောင်ရွက်နေကြတာလည်း ဖြစ်ပါတယ်။

အခုလိုဆောင်ရွက်တဲ့နေရာမှာ ထန်းလက်တဲတလုံးကို ငါးသိန်းဝန်းကျင်အထိ ကုန်ကျတာကြောင့် တချို့ပြည်သူတွေက အဆင်ပြေကြပေမယ့် ထောက်ပံ့ငွေ ငါးသောင်းကျပ်ကိုသာ အားကိုးနေရတဲ့ ပြည်သူတွေမှာတော့ အခက်အခဲများစွာရှိနေသေးတယ်လို့‌ ပြောဆိုကြပါတယ်။

လက်ရှိ ပုလဲမြို့နယ်ထဲမှာ အခုလိုမီရှို့ခံရတဲ့ကျေးရွာတွေ များပြားလာတာကြောင့် တရွာနဲ့တရွာကူညီနိုင်ဖို့ကလည်း ခက်ခဲလာတာကြောင့် အေးချမ်းတဲ့ဒေသက ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီလှူဒါန်းပေးဖို့ မီးဘေးသင့်ပြည်သူတွေက တောင်းဆိုထားကြပါတယ်။

#voiceofmyanmar #VOM #ပုလဲ #မီးဘေးသင့်ပြည်သူ #အခက်တွေ့နေ

YouTube Link – https://youtu.be/EYswE9dBfzc

Related posts

Leave a Comment

VOM News

FREE
VIEW