ဒီပဲယင်း-စိုင်ပြင် ဒိုင်ကွင်းစျေးက ဆိုင်ခန်း ၆၀ ကျော် မီးလောင်ပြီး လူ ၁ ဦး သေဆုံး

ဧပြီ ၊ ၂၀-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ စိုင်ပြင်မြို့နယ်ခွဲ၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ယာယီပျံကျစျေး (ခေါ် )ဒိုင်ကွင်းစျေးဟာ မနေ့ဧပြီ ၁၉ ရက် နေ့လယ်ပိုင်းက စျေးဆိုင်ခန်းတွေ မီးလောင်ခဲ့တယ်လို့ စျေးသူစျေးသားတွေဆီက သိရပါတယ်။

” မြန်အောင်မြို့နယ် ၊ ထူးကြီးကျေးရွာက ပန်းရံလုပ်သား ၊ နေမျိုးထက်(ခေါ်)ကိုမျိုးဆိုတဲ့သူက စျေးဝယ်သွားတယ် ၊သူက စျေးထဲမှာ စျေးဝယ်နေတုန်း သေနတ်နဲ့ ပစ်သတ်ခံရတယ် ၊ အဲ့ဒီကိစ္စကို ဖြေရှင်းဖို့ စစ်တပ်နဲ့ ရဲတွေ စျေးကိုရောက်တဲ့အခါ စျေးက မီးလောင်နေပြီ ၊ ဂိုဒေါင် ၁ လုံးနဲ့ ဆိုင်ခန်း ၆၂ ခန်း မီးလောင်တာ ” လို့ စိုင်ပြင်စျေးကော်မတီအဖွဲ့ဝင်တယောက်က ပြောပါတယ်။

ဒါ့အပြင် စိုင်ပြင် ဒိုင်ကွင်းစျေးက စျေးသည်တဦးက
” ပစ်ခတ်တာတွေဖြစ်ပြီးနောက် စျေးကို မီးနဲ့ ရှို့ခံရတာပါ ၊ စိုင်ပြင်မှာက စျေး ၂ စျေးရှိတယ် ၊ အခု မီးရှို့ခံရတာက ဒိုင်ကွင်းစျေးဖြစ်တယ်၊ စျေးခန်းပေါင်း ၆၂ ခန်း မီးလောင်သွားတာ”လို့ ဖြစ်ပါတယ်။

ဒိုင်ကွင်းစျေးသည်တွေကတော့ သူတို့ စျေးခန်းတွေကို မီးရှို့ခံရတယ်လို့ ပြောဆိုနေပေမယ့် ဘယ်သူတွေရှို့တယ်ဆိုတာကိုတော့ တိတိကျကျ မပြောဆိုကြပါဘူး။

#voiceofmyanmar #VOM #စိုင်ပြင် #ဒိုင်ကွင်းဈေးမီးလောင် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW