မုံရွာမှာ ကိုယ်ခန္ဓာ အပိုင်းပိုင်းပြတ်နေတဲ့ အလောင်း ၁ လောင်းတွေ့

မေ ၊ ၆-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပုကျေးရွာဇရပ်မှာ ဒီကနေ့ မနက်ပိုင်းက ကိုယ်ခန္ဓာ အပိုင်းပိုင်းဖြတ်တောက်ပြီး အိတ်နဲ့ထည့်ပစ်ထားတဲ့ အလောင်း ၁ လောင်းကို လူမှုကူညီရေးအဖွဲ့တွေက ကောက်ယူပြီး မုံရွာပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။

” သွေးစွန်းပေနေတဲ့ စူပါအိတ်တွေကို တွေ့ရတဲ့သူက လူမှုကူညီရေးအဖွဲ့တွေဆီ အကြောင်းကြားတယ် ၊ သွားကြည့်တဲ့အခါ လူကိုသတ်ပြီး အပိုင်းပိုင်းဖြတ်တောက်ထည့်ထားတယ် ၊ အဲ့ဒါကြောင့် ဆေးရုံကိုပို့ပေးလိုက်တာ”လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

ရုပ်အလောင်းနဲ့ပတ်သက်ပြီး မုံရွာဆေးရုံကြီး တာဝန်ရှိသူတဦးက ” ရုပ်အလောင်းက အသက် ၃၅ ဝန်းကျင်အရွယ် အမျိုးသားဖြစ်တယ် ၊ ဒူးအောက်ပိုင်း ၊ တံတောင်ဆစ်အောက်ပိုင်း ၊ ဦးခေါင်းပိုင်း စတဲ့နေရာတွေ ဖြတ်တောက်ထားတယ် ၊ ပိုင်ရှင်အခုထိ မပေါ်သေးဘူး ၊ လက်တလောတော့ အမည်မသိ ရုပ်အလောင်းဖြစ်နေတယ် ” လို့ ရှင်းပြပါတယ်။

အဲ့ဒီ လူသေရုပ်အလောင်းတွေ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းက သေမှုသေခင်း ​ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခု လူသေအလောင်း စွန့်ပစ်ထားတာကို တွေ့ရတယ်ဆိုတဲ့ တောပုရွာဇရပ်နားမှာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဆောင်းတွင်းပိုင်းတုန်းက မုံရွာကနေ ပန်းရောင်းပြန်လာတဲ့ စျေးသည်အမျိုးသမီး တစ်ယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ #ကိုယ်ခန္ဓာအပိုင်းပိုင်းပြတ်အလောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW