မုံးပေါ်မှာ နစကတပ်နဲ့ MNDAA တိုက်ပွဲ ဖြစ်

မေ-၅-၂၀၂၂
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ မုံးပေါ် ၊ မိုင်ဖန်ရွာနား နစကတပ်နဲ့ ကိုးကန့် MNDAA တို့ မေလ ၄ရက်နေ့ည ၉ နာရီဝန်းကျင်ခန့်က နာရီဝက်ခန့်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့ ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

“လက်နက်ကြီးရော လက်နက်သေးရောပါတယ်။ တော်တော်ပြင်းတယ်။ ဗုံးခိုကျင်းလည်း မိုးရွာတော့ မခိုင်တော့လို့ အုတ်နံရံနားပဲ ပုန်းနေရတယ်” လို့ ဒေသ ခံ ၁ ဦး က ပြောပါတယ်။
မိုင်ဖန်ရွာနဲ့ ကပ်လျက် ရှိတဲ့ စစ်တပ်ကို ကိုးကန့် MNDAA က လာရောက် ပစ်ခတ်ရာမှ တိုက်ပွဲ ပြင်းထန်လာတယ်လို့ အမည် မဖော်လိုသူ ၁ ဦးက ပြောပါတယ်။

ထိခိုက်မှု၊ ပျက်စီးမှု တော့ မသိရ‌စေးဘဲ ရွာထိပ်မှာတင် တိုက်ပွဲ ပြင်းထန်လာ‌တာကြောင့် ဒေသခံတွေက ပိုမို ပြင်းထန်လာမှနဲ့ တိုက်ပွဲ ဆက်ဖြစ်လာမှာ ကို စိုးရိမ်နေကြရတယ် လို့ဆိုပါတယ်။

ဒါ့ အပြင် မေလ ၄ ရက်နေ့ မနက်ပိုင်းမှာ ကွတ်ခိုင်နဲ့ မူဆယ်ကြား ပြည်ထောင်စု လမ်းမမှာ စစ်တပ်နဲ့ ကိုးကန့် MNDAA တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တာလုံနဲ့ မော်တောင်းကြားမှာလည်း နေ့လယ်ပိုင်းကစစ်တပ်နဲ့ PDF တို့ အကြား တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲ ဖြစ်တာမှန်တယ်။ အထိအခိုက်ရှိတယ်။” လို့ တာဝန်ရှိသူ ၁ ဦး က ပြောပါတယ်။

လတ်တလော ရှမ်းပြည်နယ် မြောက်ပိုင်း မုံးပေါ် ဒေသ အပါအဝင် နေရာ အချို့မှာ စစ်တပ်နဲ့ ကိုးကန့် MNDAA တို့ စစ်ရေးလှုပ်ရှားတွေ ပုံမှန်ပြုလုပ်လာကာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

#VOM #voiceofmyanmar #MNDAA #နစကတပ် #မူဆယ်နားတိုက်ပွဲဖြစ် #မုံးပေါ်

Related posts

Leave a Comment

VOM News

FREE
VIEW