Wave money ဆိုင် ငွေတုလာလွဲသူတဦးကို ၅ထောင်တန်အတု အရွက် ၁၀၀ကျော်နဲ့ဖမ်းမိ

ဧပြီ ၅-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ ဗဟိုလမ်းက ဆေးဆိုင်တစ်ဆိုင်မှာ wave money ကို ငွေစက္ကူအတုနဲ့လာလွဲသူ အမျိုးသမီးတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းက မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်၊ ဗဟိုလမ်းက ဆေးဆိုင်တခုမှာ wave mon
ey ငွေလာလွဲရာကနေ ဖြစ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ဘယ်လိုဖြစ်လဲတော့ မသိဘူး၊ အဲ့ဒီဆိုင်မှာ ငွေတု
တွေလာလွဲလို့ အဖမ်းခံရတာ၊ ငါးထောင်တန် ၁၀၂ရွက်နဲ့ဖမ်းမိတာ”လို့ သူကပြောပါတယ်။

ဖမ်းဆီးခံရသူဟာ တာမွေမြို့နယ်မှာ နေတဲ့ မထွန်းနိူင်
ဆွေဖြစ်ပြီး သူငယ်ချင်းဖြစ်သူရှိတဲ့ မုဒိတာအိမ်ယာကို လာလည်ချိန် ဝမ်းကွဲအစ်ကိုဖြစ်သူက ဖုန်းဆက်လို့ လူတစ်ယောက်လာပေးတဲ့ငွေကို တဆင့်ပြန်လည်လွဲပေးရာကနေ ငွေစက္ကူအတုတွေ ဖြစ်နေပြီး ဖမ်းဆီးခံရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“သူကိုယ်တိုင် ငွေစက္ကူအတုပါလာတာမဟုတ်ဘူး၊ ဆိုင်ကယ်နဲ့လူတစ်ယောက်လာပေးတဲ့ငွေကို တဆင့်လွဲပေးရင်း အဖမ်းခံရတာ၊ သူကတော့ လက်ဝယ်မိတာပေါ့၊ လက်တလောတော့ ကွင်းဆက်တွေဖမ်းဖို့လုပ်နေပါတယ်”လို့ သူကရှင်းပြပါတယ်။

လက်တလောမှာ မထွန်းနိူင်ဆွေကို ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး ကွင်းဆက်တွေကို ဆက်လက်ဖမ်းဆီးနိူင်ဖို့ ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။

ပြီးခဲတဲ့ ဧပြီလ ၂၃ ရက် နေ့လယ်ပိုင်းကလည်း ကန်ကြီးထောင့်မြို့နယ်မှာ တစ်သောင်းကျပ်တန်ငွေ
စက္ကူအတုတွေနဲ့ ငွေလွှဲငွေထုတ်ပြုလုပ်သူ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့တာလည်းရှိတယ်လို့ သိရပါတယ်။

၂၀၂၁၊ဇန်နဝါရီလ ၆ ရက်ကနေ ၂၀၂၂ မတ်လအတွင်း ပြည်နယ်နဲ့တိုင်းဒေသကြီး ၅ ခု မှာ တစ်သောင်းတန်နဲ့ငါးထောင်တန် ငွေစက္ကူအတုတွေ ယခုနှစ် သုံးလအတွင်း ဖမ်းဆီးရရှိမှု ၁၀ ကြိမ်ရှိတယ်လို့ နစကကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ငွေစက္ကူအတု #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW