ဒါရိုက်တာမောင်သီ ဖမ်းဆီးခံရ

မေ ၇-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာနေထိုင်တဲ့ ဒါရိုက်တာမောင်သီဟာ မနေ့ မေလ ၆ရက် နေ့လယ်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒါရိုက်တာမောင်သီ အသုံးပြုနေတဲ့ UThi Facebook အကောင့်မှတဆင့် လူမှုကွန်ရက်မှာ အကြမ်းဖက်ဖို့ဖြန့်ဝေနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူ သရုပ်ဆောင်တဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ကိစွနဲ့ပတ်သက်ပြီး ရဲအရာရှိတဦးက “ဖမ်းထားတာမှန်ပါတယ်၊ ဘာပုဒ်မနဲ့ဖွင့်မလဲဆိုတာတာတော့ မသိသေးဘူး “လို့ VOM ကို ပြောပါတယ်။

စမ်းချောင်းမြို့နယ်နေ ဦးသန်းလွင်(ခ)ဒါရိုက်တာမောင်သီကို မနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့ကနေရာတစ်ခုမှာ ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သူကပြောပါတယ်။

လက်တလော ဒါရိုက်တာမောင်သီကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူနေတယ်လို့ အနုပညာရှင်တဦးက ပြောပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ခင်ပွန်းဖြစ်သူ ဦးခန့်နိုင်ကိုလည်း ဧပြီ၂၇ရက် ညပိုင်းက ဖမ်းဆီးခဲ့တာလည်းရှိပါတယ်။

ဒါ့အပြင် သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းမှာနေတဲ့ သရုပ်ဆောင်လူရွှင်တော်ကောင်းကျော်ကို ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက ဖမ်းဆီးခဲ့ပါသေးတယ်။

အလားတူ မြောက်ဒဂုံမြို့နယ်၊ ၃၄ ရပ်ကွက်၊ သရဖီ ၅ လမ်းမှာနေထိုင်တဲ့ အဆိုတော် အောင်လ နဲ့ဝိုင်းစုခိုင်သိန်းတို့ကိုလည်း ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက် ညပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ဧပြီ ၂၃ ရက်မှာ ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပေမယ့် ဧပြီ ၂၅ ရက်မှာ ထပ်မံဖမ်းဆီးခဲ့တာလည်းရှိပါတယ်။

#voiceofmyanmar #VOM #ဒါရိုက်တာမောင်သီ #ဖမ်းဆီးခံရ

 

Related posts

Leave a Comment

VOM News

FREE
VIEW