မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့ အာဆီယံဆွေးနွေး၊ အထူးကိုယ်စားလှယ် လာဖို့စီစဥ်နေ

ဖနွမ်းပင်၊ မေ ၇-၂၀၂၂
မျိုးဆက်(VOM)

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ လာမယ့်သီတင်းပတ် အနည်းငယ်အတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဥ်နေပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီ ပေးရေးဆိုင်ရာ ဆွေးနွေးပွဲကို သောကြာနေ့မှာ အာဆီယံအဖွဲ့ ကုလသမဂ္ဂနဲ့ဒေသတွင်း အေဂျင်စီတွေ ဆွေးနွေးခဲ့ကြပြီးနောက် အထူးကိုယ်စာလှယ်က မြန်မာနိုင်ငံလာဖို့ စီစဥ်နေတာဖြစ်ပါတယ်။

အဲဒီရီးစဉ်ဟာ မတ်လအတွင်းက ခရီးစဉ်အပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ရဲ့ မြန်မာနိုင်ငံသို့ လာရောက်မယ့် ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပါတယ်။ ဒါပေမယ့် ခရီးစဥ်ရဲ့ နေ့ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ဖို့ မျှော်လင့်ပါတယ် လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ ပြည်သူတွေဟာ ခွဲခြားဆက်ဆံမှုမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လက်လှမ်းမီနိုင်စေဖို့ ကျွန်တော်တို့ရဲ့ စုပေါင်းကြိုးပမ်းမှုမှာ နောက်ထပ်ခြေလှမ်းတစ်လှမ်းကို လှမ်းနေပြီဖြစ်ပါတယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောပါတယ်။

ကမ္ဘောဒီးယားသည် လက်ရှိ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံရဲ့အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဦးဝင်မြင့်တို့နဲ့ တွေ့ဆုံခွင့်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နစက ဥကဌနဲ့ မေလ ၁ ရက်နေ့က ပြုလုပ်တဲ့ ဗီဒီယိုကွန်ဖရင့်မှာ တိုက်တွန်းခဲ့ပါတယ်။

Ref: RFA
Photo:MFAIC
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW