ဟာဗားနားဟိုတယ်မှာ ပေါက်ကွဲကြီးဖြစ် ၂၂ ဦးသေဆုံး ၊ ၆၀ ကျော်ဆေးရုံတင်ထားရ

ဟာဗားနား ၊ မေ ၇ – ၂၀၂၂
မျိုးဆက်(VOM)

ကျူးဘားနိုင်ငံ အထူးသီးသန့် ကြယ်ငါးပွင့်ဟိုတယ် တခုမှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၆၀ ကျော် ဆေးရုံတင်ထားရပါတယ်။

Saratoga Hotel အပြင်ဘက်မှာ ရပ်ထားတဲ့ ဓာတ်ငွေ့တင်သင်္ဘောတစ်စီး မီးလောင်ပေါက်ကွဲခဲ့ပြီး အဆောက်အဦရဲ့ အထပ်တော်တော်များများ ပျက်စီးသွားခဲ့ပါတယ်။

လက်ရှိမှာတော့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်လျက်ရှိပါတယ်။

သေဆုံးသူထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနဲ့ ကလေးတစ်ဦးတို့ ပါဝင်ကြောင်း ကျူးဘားသမ္မတက ပြောပါတယ်။
ဒဏ်ရာရသူတွေကိုတော့ နီးစပ်ရာဆေးရုံတွေမှာ ကုသပေးနေပါတယ်။

အဲဒီဟိုတယ်ဟာ ၁၉ ရာစု ကိုလိုနီခေတ်လက်ရာ ရှေးဟောင်းအဆောက်အဦးဖြစ်ပြီး အနုပညာရှင်တွေအပါအဝင် နာမည်ကျော်တွေ လာရောက်လေ့ရှိပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ဟာဗားနား

Related posts

✕
VOM News

FREE
VIEW