ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲ အာဏာရှင်မားကို့စ်သားဖြစ်သူ အနိုင်ရဖို့ တစ်ပြေးနေ

မနီလာ၊ မေ-၉-၂၀၂၂
မျိုးဆက်(VOM)

ဖိလစ်ပိုင်နိုင်ငံမှာ သန်းပေါင်းများစွာသော ပြည်သူတွေဟာ မေ ၉ ရက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ သမ္မတသစ်အဖြစ် ရွေးချယ်ခံရဖို့ တစ်ပြေးနေသူကတော့ အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်ရဲ့ သားဖြစ်သူ ဖာဒီနန်မားကို့စ်ဂျူနီယာဖြစ်ပါတယ်။

သူ့ရဲ့ အဓိကပြိုင်ဘက်ကတော့ ၂၀၁၆ ခုနှစ် ဒုတိယသမ္မတရွေးကောက်ပွဲမှာ သူ့ကို ပွတ်ကာသီကာ အနိုင်ယူသွားတဲ့ လစ်ဘရယ်တစ်ဦးဖြစ်သူ လီနီရော်ဘရီဒိုဖြစ်ပါတယ်။

မားကို့ဂျူနီယာဟာ လက်ရှိရွေးကောက်ပွဲမှာ အပြတ်အသတ်အောင်ပွဲခံနိုင်တယ်လို့ စစ်တမ်းတွေက ဖော်ပြထားပြီး လွန်ခဲ့တဲ့ ၃၆ နှစ်က ဖြုတ်ချခံခဲ့ရတဲ့ မားကို့စ်မျိုးနွယ်ဟာ အာဏာပြန်လည်ရရှိနိုင်ခြေရှိနေပါတယ်။

ဖိလစ်ပိုင်မှာ မဲပေးခွင့်ရှိသူ ၆၇ ဒသမ ၅ သန်းရှိပြီး ဆန္ဒမဲပေးမှုရာခိုင်နှုန်း များပြားဖွယ်ရှိကာ မေ ၉ ရက်နံနက်ပိုင်းမှာ စာသင်ကျောင်းတွေနဲ့ အခြားသောမဲရုံတွေမှာ ဆန္ဒမဲပေးမှုတွေ စတင်ခဲ့ပါတယ်။

ရွေးကောက်ပွဲနေ့မတိုင်မီ မေ ၈ ရက်မှာတော့ မငြိမ်မသက်ဖြစ်နေတဲ့ မင်ဒါနာအိုဒေသရှိ မဲရုံတစ်ရုံပြင်ပမှာ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူကိုးဦးဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိရွေးကောက်ပွဲမှာ အနိုင်ရရှိသူဟာ ခြောက်နှစ်ကြာရာထူးသက်တမ်းကုန်ဆုံးတော့မယ့် သဘောထားတင်းမာသူ သမ္မတ ဒူတာတေးရဲ့နေရာကို ဆက်ခံသွားမှာဖြစ်ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW