ယူကရိန်းရှိ စာသင်ကျောင်းကို ရုရှားဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၆၀ နီးပါးသေဆုံး

ကိယက်ဗ်၊ မေ-၉-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းအရှေ့ပိုင်းရှိ စာသင်ကျောင်းကို ရုရှားက ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၆၀ ၀န်းကျင်သေဆုံးသွားကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ဘီလိုဟိုရစ်ကာရှိ စာသင်ကျောင်းတွင် လူ ၉၀ ဦးခိုလှုံနေကြပြီး ၃၀ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း လူဟန့်ခ်ဒေသ အုပ်ချုပ်ရေးမှူး Serhiy Haidai ကအစောပိုင်းမှာ ပြောပါတယ်။

အဲဒီစာသင်ကျောင်းကို ရုရှားစစ်လေယာဉ်တစင်းက မေ ၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပေမယ့် ဒီကိစ္စအပေါ် ရုရှားဘက်က မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။

ရုရှားတပ်ဖွဲ့တွေနဲ့ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအစိုးရတပ်တွေကို ဝိုင်းရံဖို့ကြိုးပမ်းနေချိန်မှာ လူဟန့်ခ်ဒေသမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

အဲဒီဒေသရဲ့ နေရာအများစုဟာ လွန်ခဲ့တဲ့ ရှစ်နှစ်ကတည်းက ရုရှားကျောထောက်နောက်ခံပြုတဲ့ ခွဲထွက်ရေးသမားတွေက ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။

ဘီလိုဟိုရစ်ကာ ဟာ စနေ့နေ့က တိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ အစိုးရထိန်းချုပ်ထားတဲ့ ဆီဗာရိုဒွန်နက်စ်ခ်မြို့ အနီးမှာတည်ရှိပါတယ်။

Ref: BBC
Photo: SERHIY HAIDAI
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW