ယူကရိန်း အိုဒီဆာဆိပ်ကမ်းကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေ

ကိယက်ဗ်၊ မေ-၁၀-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ အိုဒီဆာဆိပ်ကမ်းကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး စျေး၀ယ်စင်တာတခုနဲ့ သိုလှောင်ရုံတခုကို ထိမှန်မှုကြောင့် လူတဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းစစ်ဘက်က ပြောပါတယ်။

ယူကရိန်းနိုင်ငံထဲက ပင်လယ်နက်ဆိပ်ကမ်းတွေကို ရုရှားကပိတ်ဆို့ထားတာကြောင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာထောက်ပံ့မှုကို ခြိမ်းခြောက်နေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက သတိပေးပြောဆိုပါတယ်။

ယူကရိန်းပြည်သူတွေအတွက် လိုအပ်တဲ့ အထောက်အပံ့တွေဟာ ဆိုးရွားစွာပိတ်မိနေကြောင်း အိုဒီဆာဆိပ်ကမ်းကို သွားရောက်စဉ် ဒုံးကျည်ပစ်ခတ်မှုတွေနဲ့ ကြုံခဲ့ရတဲ့ ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel ကပြောပါတယ်။

တချိန်တည်းမှာ တင့်ကားတွေကျောထောက်နောက်ခံပြုထားတဲ့ ရုရှားတပ်ဖွဲ့တွေဟာ မာရီယူပိုလ်မြို့မှာရှိတဲ့ အဇော့စတယ် စက်ရုံကို အကြီးအကျယ် တိုက်ခိုက်နေတယ်လို့ ယူကရိန်းကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။

အဲဒီစက်ရုံမှာ ဒဏ်ရာရထားတဲ့ ယူကရိန်းစစ်သား ၇၀၀ ပိတ်မိနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ ယူကရိန်းကို လက်နက်တွေပိုမိုပေးအပ်ဖို့ အစီအမံတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW