အုတ်ဖိုက NLDလွှတ်တော်ကိုယ်စားလှယ်တဦး တိမ်းရှောင်နေစဉ် ရောဂါနဲ့ကွယ်လွန်

မေ ၉-၂၀၂၂
VOM (GG)

တရားစွဲဆိုခံထားရလို့ တိမ်းရှောင်နေရတဲ့ ပဲခူးတိုင်း အနောက်ပိုင်း၊ အုတ်ဖိုမြို့နယ်က NLD ကိုယ်စားပြုတိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ဟာ မနေ့ မေလ ၈ရက်နေ့မှာ ရောဂါနဲ့ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ဦးမောင်မြင့်ဟာ သူတိမ်းရှောင်နေတဲ့ နေရာမှာပဲ ရောဂါနဲ့သေဆုံးသွားတာဖြစ်ပြီး အဓိကကတော့ ကုသဖို့ဆေးဝါးအလုံအလောက်မရှိတာကြောင့် သေဆုံးတာဖြစ် တယ်လို့ သိရပါတယ်။

” သူက အမှုဖွင့်တရားစွဲခံထားရတော့ ရှောင်နေတာကြာပြီ၊ သေတာတော့ မနေ့က ညနေကလို့ကြားတယ်။ အခုသူ ရောက်နေတဲ့နေရာက ရောဂါကုဖို့ဆေးမလုံလောက်ပေမယ့် ဆေးရုံကို သွားပြီးကုသဖို့ကြလည်း ဝရမ်းထုတ်ခံထားရတော့ အဆင်မပြေတော့ နောက်ဆုံးအသက်ပေးလိုက်ရတာလို့တော့ သိရတယ်။ ” လို့ အုတ်ဖိုမြို့နယ်ပရဟိလုပ်ကိုင်နေသူတဦးကပြောပါတယ်။

ဦးအောင်မြင့်ဟာ ကျောင်းဆရာအဖြစ်ကနေ နူတ်ထွက်ပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြုအမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပါတယ်။

လက်ရှိမှာ ဦးမောင်မြင့်ကို ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် တရားစွဲဆိုခံထားရတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #အုတ်ဖို #NLDအမတ် #တိမ်းရှောင် #ရောဂါနဲ့ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW