ပခုက္ကူမြို့နယ်မှာ ဘုန်းကြီးကျောင်း ဓားပြတိုက်ခံရပြီး ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

မေ ၊ ၁၁-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာအုပ်စု ၊ မြောက်လူးကန်ကျေးရွာမှာရှိတဲ့ ပစ္ဆိမာရုံ ဘုန်းကျောင်းဟာ ဒီမနက်အစောပိုင်း ၁ နာရီမထိုးခင်အချိန်က ဓားပြအတိုက်ခံရပြီး၊ ကျောင်းထိုင်ဘုန်းကြီးမှာ ကျည်ဆံဖောက်ဝင်ဒဏ်ရာနဲ့ ပျံလွန်တော်မူသွားခဲ့တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” ညက သေနတ်သံတွေတော့ ကြားရတယ် ၊ ထွက်မကြည့်ရဲဘူး ၊ ဒီမနက်မှ သိရတာက ဘုန်းကြီးကျောင်း ဓားပြအတိုက်ခံရတာလို့ သိရတယ် ၊ ကျောင်းထိုင်ဆရာတော် ဥူးကောဝိဒ သက်တော် ၇၈ နှစ် ၊ ဝါတော် ၅၈ ဝါကတော့ ဦးခေါင်းပိုင်း ကျည်ဆံဖောက်ဝင်ဒဏ်ရာနဲ့ ကျောင်းထဲမှာ ပျံလွန်တော်မူနေတာ ” လို့ မြောက်လူးကန်ရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး နယ်ခံ (ဂေါသဂံ)ဘုန်းကြီးတစ်ပါးက ” ဆရာတော် ဥူးကောဝိဒရဲ့ ကျောင်းပိုင်းကား ၁ စီး ၊ ပိုက်ဆံ ၁၀ သိန်းကျော် ၊ ကွန်ပျူတာလက်တော့ပ် ၄ လုံး ပါသွားတဲ့အပြင် ဆရာတော်ရဲ့အသက်ကိုပါ ဆုံးရှုံးရတာ ” လို့ ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ အဲ့ဒီ ဓားပြအမှုကို စစ်ဆေးအရေးယူဖို့ ပခုက္ကူက စစ်သားနဲ့ရဲတွေ ရောက်လာတယ်လို့ ရွာခံတွေအပြောအရ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း အခုလ ၈ ရက်နေ့ကလည်း ပခုက္ကူမြို့ ၊ စက်မှုဇုန် ၁ လမ်းမှာရှိတဲ့ သွပ်ပြာစက်ရုံ ဓားပြအတိုက်ခံရပြီး အလုပ်သမားတွေရဲ့ ပိုက်ဆံ ၊ ဖုန်း ၊ ဆိုင်ကယ် နဲ့ နားကပ်တွေပါသွားတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ဘုန်းကြီးကျောင်းဓားပြတိုက်ခံရ #ဘုန်းကြီးပျံလွန်တော်မူ

Related posts

Leave a Comment

VOM News

FREE
VIEW