မြောက်ဒဂုံ ကမ္ဘောဇဘဏ် ငွေသိမ်းတဲ့ကားပေါ်ကနေ သိန်းသုံးထောင် လုယက်ခံရ

မေ ၁၃-၂၀၂၂
KK(VOM)

မြောက်ဒဂုံမြို့နယ်က ကမ္ဘောဇဘဏ်ခွဲ ၁မှာ ဒီကနေ့ နေ့လယ် ၂ နာရီက ငွေသိမ်းလာတဲ့ကားဆီကနေ ငွေကျပ်သိန်းသုံးထောင်နီးပါး လုယက်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မြောက်ဒဂုံမြို့နယ်၊ ၃၂ ရပ်ကွက်၊ ပင်လုံလမ်းမပေါ်က ကမ္ဘောဇဘဏ်ခွဲ ၁မှာ ငွေသိမ်းလာတဲ့ကားပေါ်က ငွေတွေကို ဒီကနေ့ နေ့လယ်သုံးနာရီဝန်းကျင်က အမည်မသိအမျိုသားသုံးဦးက လုယက်သွားတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“အမျိုသားငါးဦးက ကားနဲ့ရောက်လာပြီး သုံးဦးကဆင်းပြီး ဓားနဲ့ခုတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြီးလုသွားတာ၊ ငွေသုံးထောင်နီးပါးပါသွားတယ်”လို့ ပြောပါတယ်။

ကမ္ဘောဇဘဏ်က ယာဥ်မောင်းနဲ့ဝန်ထမ်းတွေဟာ မြို့နယ်အချို့ရှိ ဘဏ်တွေဆီကနေ ငွေတွေသိမ်းပြီးအပြန် ဘဏ်ခွဲ ၁ ကို လာရောက်ပို့ဆောင်ချိန်မှာ လုယက်ခံရတာဖြစ်တယ်လို့ အမည်မဖော်လိုသူရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်တလောမှာ မြောက်ဒဂုံမြို့နယ်က လမ်းဆုံ၊လမ်းခွတွေမှာ စစ်တပ်နဲ့ရဲတွေက ကားတွေကိုစစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်ကလည်း တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်၊ သံသုမာလမ်းမကြီးပေါ်က KBZ ဘဏ် ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်းနှစ်ထောင်နီးပါး ပါသွားခဲ့တာလည်း ရှိပါတယ်။

Photo-မြောက်ဒဂုံ KBZ ဘဏ်ခွဲ၁
#voiceofmyanmar #VOM #မြောက်ဒဂုံ #KBZ #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW