မေ ၁၆-၂၀၂၂
KT(VOM)
ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆောင်ရွက်ချက်မှု လုပ်ငန်းစဉ်များကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောက်ယှက်မှုများကို ရှုပ်ချသည့်ပွဲကို ဒီကနေ့မနက်ပိုင်းက နေပြည်တော် ဥပါတ္တသန္တိဘုရားကြီးရှေ့ရှိ တပေါင်းကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီထောက်ခံပွဲ မကျင်းပခင် မနက် ၇နာရီခန့်က ဒက္ခီဏသီရိ အမျိုးသမီးရေးရာအဆောက်အဦးရှေ့မှာ အသံဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်သေးတယ်လို့
“ထောက်ခံပွဲလုပ်တာက ပုဗ္ဗသီရိမြို့နယ်၊ ဥပါတ္တသန္တိဘုရားတပေါင်းကွင်း၊ ကွဲတာကဒက္ခိဏသီရီအမျိုးသမီးရေးရာအဆောက်အဦးရှေ့မှာပါ။ ဗုံးကအသံဗုံး နံနက် ၇း၁၅ လောက်မှာကွဲတာ၊ နေရာခြင်းတော့တနေရာဆီပါ”လို့ အမည်မဖော်လိုသူတဦးကပြောပါတယ်။
အဲ့ဒီပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ကာ ငြိမ်းချမ်းရေးလိုလားသူတွေနဲ့ စုပေါင်းပြုလုပ်တဲ့ပွဲဖြစ်တယ်လို့လည်း သိရပါတယ်။
#voiceofmyanmar #VOM #နေပြည်တော် #ငြိမ်းချမ်းရေး #ထောက်ခံပွဲ