မြောက်ကိုရီးယားမှာ ကိုဗစ်သံသယလူနာ ၅၀ သေဆုံး၊ ဖျားနာနေသူ တစ်သန်းကျာ်ရှိနေ

ပြုံးယမ်း၊ မေ-၁၆-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုလှိုင်းဖြစ်ပေါ်နေချိန်မှာ ကျန်းမာရေးတာ၀န်ရှိသူတွေကို ကင်ဂျုံအန်က ပြစ်တင်ပြောဆိုလိုက်ပြီး ဆေးဝါးများဖြန့်ဝေမှုတွေကို ကူညီဖို့ စစ်တပ်ကို အမိန့်ပေးလိုက်ပါတယ်။

နိုင်ငံတွင်းမှာ ဖျားနာခြင်းလို့ မြောက်ကိုရီးယားအာဏာပိုင်တွေက သတ်မှတ်ထားတဲ့ အဖျားရောဂါခံစားနေရသူ တစ်သန်းကျော်ရှိကြောင်း နိုင်ငံပိုင်းသတင်းဌာနက မေ ၁၆ ရက်တွင် ထုတ်ပြန်ထားပါတယ်။

လက်ရှိချိန်ထိ အဖျားရောဂါကြောင့် လူ ၅၀ ဦးသေဆုံးခဲ့ပေမယ့် သူတို့ထဲမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ဘယ်လောက်သေဆုံးခဲ့တယ်ဆိုတာကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။

မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ စမ်းသပ်မှု အကန့်အသတ်ဖြင့်သာရှိတာကြောင့် ရောဂါကူးစက်မှုကို အနည်းငယ်သာ အတည်ပြုနိုင်ပါတယ်။

ကာကွယ်ဆေးမထိုးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ညံ့ဖျင်းခြင်းတို့ကြောင့် မြောက်ကိုရီးယားနိုင်ငံသားတွေဟာ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်ခြေ မြင့်မားနေပါတယ်။

လက်ရှိမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လော့ခ်ဒေါင်းချထားပါတယ်။

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ယခုသီတင်းပတ်ကုန်ပိုင်းမှာ ပေါ်လစ်ဗျူရိုအစည်းအဝေးပြုလုပ်ခဲ့ပြီး အမျိုးသားကျန်းမာရေးရန်ပုံငွေတွေကို တာ၀န်ရှိသူတွေက ဖြုန်းတီးနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW