အမြန်လမ်းမှာ ရပ်ထားတဲ့ကားကို ခရီးသည်တင်ကားက ဝင်တိုက်မိလို့ လူ ၂ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

မေ ၊ ၁၄-၂၀၂၂
SP (VOM)

ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၃၅ / ၀ နေရာမှာ ဒီကနေ့မနက် အစောပိုင်း ၄ နာရီဝန်းကျင်က ယာဥ်တိုက်မှုဖြစ်ပြီး လူ ၂ ဦးသေ ၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဥမင် လူမှုကူညီအသင်းဆီက သိရပါတယ်။

” နေပြည်တော်ဘက်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ ကုန်ပစ္စည်းတွေတင်ထားတဲ့ Express ကားက ၊ လမ်းဘေးမှာရပ်ထားတဲ့ Counter ကားရဲ့ နောက်ပိုင်းကို အိပ်ငိုက်ပြီး ဝင်တိုက်တာပါ ” လို့ စကားအင်း အမြန်လမ်းရဲဌာန ၊ တာဝန်ရှိသူတယောက်က ရှင်းပြပါတယ်။

အဲ့ဒီ ယာဥ်တိုက်မှုကြောင့် Express ကားပေါ်မှာ လိုက်ပါလာတဲ့ လူ ၆ ဦးအနက် ၊ အမျိုးသား ၂ ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ၊ ကျန် အမျိုးသား ၄ ယောက်ထဲက ၂ ယောက်ဟာ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ဥမင် လူမှုကူညီရေးအသင်းက တံတားဦး ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အမြန်လမ်း #ယာဉ်တိုက်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW