KBZဘဏ်မှာ OLDအကောင့်ထဲကို ငွေသားသွင်းရင် အကန့်အသတ်မရှိ ငွေသားပြန်ထုတ်ပေးမယ်လို့ သိရ

မေ ၁၇-၂၀၂၂
VOM (GG)

KBZဘဏ်မှာ အရင်တုန်းကဖွင့်ထားတဲ့ Old Account တွေထဲကို ငွေသားပေးသွင်းပါက ပေးသွင်းတဲ့ ငွေသားကို အကန့်အသတ်မရှိ ပြန်လည်ထုတ်ယူနိုင်တယ်လို့ KBZ bank က ဒီကနေ့မှာကြေညာလိုက်ပါတယ်။

ငွေသား ပြန်ထုတ်ချင်တဲ့အခါ ရက်ချိန်းတွေရယူဖို့မလိုဘဲ ထည့်သွင်းခဲ့တဲ့ပမာဏအတိုင်း ကန့်သတ်ချက်မရှိ KBZ bank မှာထုတ်ယူနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့်Old account ထဲမှာ အရင်ထဲက ရှိနေပြီသားဖြစ်တဲ့ ငွေကြေးနဲ့ Bank Transfer ငွေတွေကိုတော့ အကန့်အသတ်နဲ့ ထုတ်နေရတဲ့အပြင် သတ်မှတ်ချက်တွေလည်းရှိနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး KBZ call center တာဝန်ကျဝန်ထမ်းတဦးက” အကောင့်အဟောင်းထဲ ဒီနေ့ကစပြီး ငွေသားသွင်းမယ်ဆိုရင် အဲ့ဒီငွေကြေး 100 %ကို အကန့်အသတ်မရှိ ပြန်ထုတ်လို့ရတယ်။ အရင်ကပိုက်ဆံတွေကကျတော့ နီးစပ်ရာဘဏ်ခွဲတွေမှာ သက်ဆိုင်ရာ ဘဏ်တာဝန်ခံနဲ့ သူတို့ထုတ်ပေးတဲ့ ပမာဏအတိုင်းထုတ်လို့ရတယ်။တုံကင်မယူရတော့ပါ။ ဘဏ်ခွဲတွေက သူတို့လမ်းစဉ်တွေအတိုင်း ငွေထုတ်ပေးနေတာပါ ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ old account ထဲမှာ အရင်ထဲက ရှိနေတဲ့ငွေတွေကို KBZ bank ခွဲတွေရဲ့သတ်မှတ်တဲ့အချိန်၊ သတ်မှတ် ငွေသားအရေအတွကက် ၊ စည်းကမ်းတွေအတိုင်း သက်ဆိုင်ရာ ဘဏ်တာဝန်ခံနဲ့ချိတ်ဆက်ပြီး မေးမြန်းထုတ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

” ရန်ကုန်မှာ KBZက ဘဏ်စာအုပ် တုံကင်မပေးတော့ဘူး ၊ တစ်လ ဘဏ်ထဲထားပြီး နှစ်ပတ်တစ်ခါ တုံကင်မယူဘဲ ထုတ်ရမှာတဲ့၊ ကိုယ့်ငွေကို သူတို့ဆီ ၁ လအောင်းထားရမှာပေါ့။ အွန်လိုင်းကနေ အလုပ်လုပ်ရတဲ့ခေတ်မှာ ငွေကိုလည်း ဘဏ်အကောင့်ကနေ လွှဲတာများတယ်၊ဒါပေမယ့်ဘဏ်တွေက ချက်ခြင်းထုတ်မရတော့ ဒုက္ခ ရောက်တာပေါ့ ” လို့ KBZ bank သုံးစွဲသူတဦးကပြောပါတယ်။

အရင်ကKBZ ဘဏ်မှာ ငွေသားထုတ်ယူမယ်ဆိုရင် နှစ်ပတ်တကြိမ် ဖုန်းနဲ့တုံကင်ရယူကာ ငွေထုတ်ရတာဖြစ်ပြီး အဲ့ဒီနောက် KBZ application ကနေ တုံကင်ရယူငွေထုတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #KBZ #ငွေသွင်း၊ငွေထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW