ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် စံချိန်တင်မြင့်တက်မှု ဖြစ်ပွားနေ

ဂျီနီဗာ၊ မေ-၁၉-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်း ၁၀ စင်တီမီတာကျော် မြင့်တက်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ စံချိန်သစ်တင်ခဲ့တယ်လို့ ကမ္ဘာ့မိုးလေ၀သအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာကို မေ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်၀န်းမှ မိုးလေ၀သအာဏာပိုင်တွေနဲ့ သုတေသနအဖွဲ့အစည်းတွေမှ စုစည်းပေးပို့တဲ့ အချက်အလက်တွေအပေါ် အခြေခံထားပါတယ်။

၁၉၉၃ ခုနှစ်မှ ၂၀၂၁ ခုနှစ်အကြားမှာ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ဟာ ပျှမ်းမျှအားဖြင့် ၁၀ ဒသမ ၂ စင်တီမီတာထိ မြင့်တက်ခဲ့ပြီး မကြာသေးမီကာလတွေအတွင်း အရှိန်မြင့်လာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဓိကအားဖြင့် တောင်၀န်ရိုးစွန်းရှိ ရေခဲလွှာတွေနဲ့ အခြားနေရာတွေမှ ရေခဲတွေအရည်ပျှော်ပြီး ပင်လယ်ထဲသို့ စီး၀င်တာတွေကြောင့် ပင်လယ်ရေမျက်နှာပြင် ပိုမိုမြင့်တက်လာခြင်းဖြစ်ပြီး ကမ်းရိုးတန်းဒေသမှာ နေထိုင်သူ သန်းပေါင်းများစွာအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ ကမ္ဘာ့မိုးလေ၀သအဖွဲ့က ပြောပါတယ်။

ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ဟာ လွန်ခဲ့တဲ့နှစ် ၂၀ ခန့်က တနှစ်ကို နှစ်မီလီမီတာ မြင့်တက်ခဲ့ပြီး မကြာသေးမီနှစ်တွေအတွင်း ၄ ဒသမ ၅ မီလီမီတာထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့မိုးလေ၀သအဖွဲ့က သတိပေးပြောဆိုထားပါတယ်။

Ref:NHK
Photo:DW
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW