ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေ မနက်ဖြန် စတော့မည်

နေပြည်တော် -မေ-၁၉-၂၀၂၂

KT(VOM)

နစကဥက္ကဋ္ဌရဲ့ ဖိတ်ခေါ်ကမ်းလှမ်းမှုမှတဆင့် ဖြစ်ပေါ်လာမယ့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေကို အခုလာမယ့် မေလ ၂၀ရက် မနက်ဖြန်ကနေ စတင်ဆောင်ရွက်တော့မှာ ဖြစ်တယ်လို့ နစကသတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

နစကဥက္ကဌနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စာရင်းပေးထားတဲ့ အဖွဲ့အစည်း ၁၀ဖွဲ့ရှိပြီး အဲ့ဒီအဖွဲ့အစည်းတွေထဲက ဥက္ကဌအဆင့်ရှိသူ ၃ဦးပါတဲ့ အဖွဲ့ ၃ဖွဲ့၊အခြားအဖွဲ့တွေကတော့ ဥက္ကဌကဲ့သို့ ဆုံးဖြတ်ပိုင်ခွင့်အခွင့်ရ ဒုတိယဥက္ကဌစတဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်မှာဖြစ်တဲ့အကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မယ့်အဖွဲ့တွေကတော့ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA)၊တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး DKBA ၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA၊မွန်ပြည်သစ်ပါတီ NMSP ၊ရခိုင်လွတ်မြောက်ရေးပါတီ ALP ၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ LDU၊ ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSP/UWSA၊မိုင်းလားဒေသအဖွဲ့ NDAA၊ရှမ်းပြည်တပ်မတော် SSPP/SSAတို့ဖြစ်ပါတယ်။

လတ်တလောမှာ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေကို တာချီလိတ်အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်းဦးဆောင်တဲ့ အဖွဲ့က မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားကနေ ကြိုဆိုနေရာချထားခဲ့ကြောင်းသိရပါတယ်။

#voiceofmyanmar #VOM #ငြိမ်းချမ်းရေးဆွေးနွေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW