မာရီယူပိုလ်မြို့မှာ ယူကရိန်းတိုက်ခိုက်ရေးသမား ၉၀၀ ကျော် လက်နက်ချ၊ ဒွန်နက်ဒေသ အကျဉ်းထောင်သို့ ရုရှားပို့ဆောင်

မော်စကို၊ မေ-၁၉-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ မာရီယူပိုလ်မြို့မှာ လက်နက်ချလိုက်တဲ့ ယူကရိန်းတိုက်ခိုက်ရေးသမား ၉၀၀ ကျော်ကို ရုရှားထိန်းချုပ်ထားရာ ဒွန်နက်ဒေသရှိ အကျဉ်းထောင်ဟောင်းတခုကို ပို့ဆောင်လိုက်တယ်လို့ ရုရှားဘက်က ထုတ်ပြန်လိုက်ပါတယ်။

သူတို့ရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး ယူကရိန်းဘက်ကတော့ လူသိရှင်ကြားမှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။

မြို့မှာရှိတဲ့ သံမဏိစက်ရုံထဲမှာ ယူကရိန်းတိုက်ခိုက်ရေးသမား တထောင်ကျော်ပိတ်မိနေသေးတယ်လို့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးခေါင်းဆောင်တဦးကပြောပါတယ်။

ရုရှားတပ်တွေကတော့ မာရီယူပိုလ်မြို့ကို ထိန်းချုပ်နိုင်ပြီးနောက် အရှေ့ပိုင်းဒွန်ဘက်စ်ဒေသမှာ ထိုးစစ်ဆင်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

ယူကရိန်းတပ်တွေ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် ရုရှားစစ်သားတဦးကတော့ လက်နက်မဲ့ ယူကရိန်းအရပ်သားတဦးကို သတ်ဖြတ်ခဲ့ကြောင်း ၀န်ခံထွက်ဆိုလိုက်ပြီး ဒါဟာ ယူကရိန်းစစ်ပွဲစတင်ကတည်းက ပထမဆုံး စစ်ရာဇ၀တ်မှုမြောက်တဲ့ တရားစီရင်မှုလည်းဖြစ်ပါတယ်။

ဒီအတောအတွင်း ယူကရိန်းမှာ နောက်ထပ်ရက် ၉၀ ကြာ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးဖို့ အမိန့်ကို သမ္မတ ဇီလန်စကီးက လက်မှတ်ထိုးထုတ်ပြန်လိုက်ပါတယ်။

ဂျီ-၇ အဖွဲ့ကတော့ ယူကရိန်းအတွက် နောက်ထပ် ဘဏ္ဍာရေးအကူအညီတွေ ပံ့ပိုးဖို့ကိစ္စကို မေ ၁၉ ရက်မှာ ဆွေးနွေးဖို့ရှိနေပါတယ်။

ဒါ့အပြင် နေတိုးအဖွဲ့၀င်ဖြစ်ရေးအတွက် ဆွီဒင်နဲ့ဖင်လန်ရဲ့ လျှောက်ထားမှုနဲ့ပတ်သက်ပြီး အဲဒီနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်ခံတွေ့ဆုံဖို့ရှိနေပါတယ်။

Ref: BBC
Photo: AP/ Getty Images
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW