ယူကရိန်း မာရီယူပိုလ်ဆိပ်ကမ်းမြို့တိုက်ပွဲ အောင်ပွဲခံနိုင်ပြီဖြစ်ကြောင်း ရုရှားကြေညာ

မော်စကို၊ မေ-၂၁-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ မာရီယူပိုလ်ဆိပ်ကမ်းမြို့ကို သိမ်းပိုက်ဖို့လပေါင်းများစွာကြာမြင့်ခဲ့တဲ့ တိုက်ပွဲမှာ အောင်ပွဲခံနိုင်ခဲ့ကြောင်း ရုရှားကကြေညာလိုက်ပါတယ်။

မြို့တော်ကို ကာကွယ်ဖို့ အေဇော့ဗ်သံမဏိစက်ရုံမှာ ခုခံနေတဲ့ လက်ကျန်ယူကရိန်းတိုက်ခိုက်ရေးသမားတွေလည်း လက်နက်ချသွားပြီလို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။

ရုရှားတပ်တွေဟာ မာရီယူပိုလ်မြို့ကို အပြည့်အ၀ထိန်းချုပ်လို့မရအောင် ယူကရိန်းတိုက်ခိုက်ရေးသမားတွေရဲ့ ခုခံတွန်းလှန်မှုတွေနဲ့ လအတန်ကြာ ရင်ဆိုင်ခဲ့ရပါတယ်။

လက်ရှိမှာတော့ နောက်ဆုံးခုခံနေတဲ့ အေဇော့ဗ်သံမဏိစက်ရုံက ယူကရိန်းတိုက်ခိုက်ရေးသမား ၅၃၁ ဦးထွက်ခွာသွားပြီးနောက် အဲဒီနေရာကိုလည်း အပြည့်အ၀ထိန်းချုပ်နိုင်ပြီလို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။

မကြာသေးမီရက်တွေအတွင်း အဲဒီသံမဏိစက်ရုံက ယူကရိန်းတိုက်ခိုက်ရေးသမား ၂၄၃၉ ဦးလက်နက်ချခဲ့ပြီး သူတို့ကို ဘယ်နေရာကို ရွှေ့ပြောင်းထားတယ်ဆိုတာကို ရုရှားက ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ရုရှားထိန်းချုပ်နယ်မြေတွေကို ဘတ်စ်ကားတွေနဲ့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW