စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ကားလုယူခံရတဲ့ အကြိမ်ရေ ၁ ဒါဇင်ကျော်အထိရှိနေ

မေ ၊ ၂၃-၂၀၂၂
SP(VOM)

ပြီးခဲ့တဲ့ရက်ပိုင်းတွေကစလို့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေနဲ့ မကွေးတိုင်းထဲက မြို့နယ်တွေမှာ ဌာနဆိုင်ရာနဲ့ ပုဂ္ဂလိကပိုင်ကားတွေ လုယူခံရတာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ မဲကျေးရွာနဲ့ လယ်မကျေးရွာ အကြား မုံရွာ – ပုလဲ – ဂန့်ဂေါ ကားလမ်းမှာ မနေ့ မေ ၂၂ ရက် နေ့လယ်ပိုင်းမှာ ဂန့်ဂေါခရိုင် လျှပ်စစ်မဟာဓာတ်အားလိုင်းဌာနက ရုံးသုံး ကား ၁ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လုယူသွားတယ်လို့ ဂန့်ဂေါခရိုင် လျှပ်စစ်ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ကောင်းတုံ ၊ မဲ ၊ လယ်မ ရွာတွေအကြားက မဟာဓာတ်အားလိုင်းကို ဆားဗစ်လုပ်ဖို့သွားတဲ့ ကားကို လုယူသွားတာပါ ၊ လုယူခံရတဲ့ ကားအမျိုးအစားက HILUX VIGO DOUBLE CUB. ကားဖြစ်တယ”လို့ လျှပ်စစ်ဝန်ထမ်းတယောက်က ပြောပါတယ်။

ကားကို လုယူထားလိုက်ပြီးနောက် ကားပေါ်မှာ ပါလာတဲ့ လျှပ်စစ်ဝန်ထမ်းတွေကို ခြေလျင်ပြန်လွတ်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ကားလုယူသွားတာကို ခံရတဲ့ဖြစ်စဥ်တွေ ပတ်သက်ပြီး မကွေးတိုင်း ပခုက္ကူမြို့ ၊ မြိုင်လမ်းက စက်သုံးဆီဆိုင်မှာ ၁ ကြိမ်း ၊ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ် အကြားက မြတ်နိုးသူ ဆောက်လုပ်ရေး ကုမ္မဏီပိုင် မြတ်နိုးသူ တိုးလ်ဂိတ်မှာ ၁ ကြိမ် ၊ ပခုက္ကူ စက်မှုဇုန်မှာရှိတဲ့ ကြံနှစ်ကောင် ဘိလပ်မြေ ဂိုဒေါင်မှာ ၁ ကြိမ် ၊ ပခုက္ကူမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာအုပ်စု ၊ မြောက်လူးကန်ကျေးရွာမှာရှိတဲ့ ပစ္ဆိမာရုံ ဘုန်းကြီးကျောင်းမှာ ၁ ကြိမ် ၊ ပခုက္ကူနယ်မှာ ကားလုယူခံရတာ ၄ ကြိမ်ဖြစ်ပွားပြီး ကား ၅ စီး ပါသွားပြီးနောက် အခုထိ စုံးစမ်းရှာဖွေမရ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲမှာလည်း အလားတူ ကားလုယူခံရတဲ့ ဖြစ်စဥ် ၈ ကြိမ်ထက် မနည်းဖြစ်ပွားပြီး ပျောက်ဆုံးနေဆဲ ကား အစီးရေ ၁၀ စီးရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ ပျောက်ဆုံနေတဲ့ ကားတွေထဲမှာ လူမှုကူညီရေး လုပ်ငန်းသုံး လူနာတင်ကားတွေနဲ့ စည်ပင်အမှိုက်သိမ်းကားတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #မကွေး #ကားလုခံရ

Related posts

Leave a Comment

VOM News

FREE
VIEW