မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀န်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ သန်း ၁၀၀ ကျော်ရှိလာ

ကုလသမဂ္ဂ၊ မေ-၂၃-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုရဲ့တွန်းအားပေးမှုကြောင့် ကမ္ဘာပေါ်မှာ နေရပ်စွန့်ခွာရသူအရေအတွက်ဟာ ပထမဆုံးအကြိမ်အဖြစ် သန်း ၁၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

ပဋိပက္ခ၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နှိပ်စက်ညှဉ်းပမ်းမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ အရေအတွက်ဟာ လက်ရှိချိန်မှာ အံ့မခန်းမှတ်တိုင်တခုကို ဖြတ်ကျော်သွားပြီလို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ပါတယ်။

အာဖဂန်နစ္စတန်၊ မြန်မာနဲ့ အီသီယိုးပီးယားတို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ နေရပ်စွန့်ခွာရသူတွေဟာ သန်း ၉၀ နီးပါးထိရှိခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်မှုကြောင့် နေရပ်စွန့်ခွာရသူအရေအတွက်ဟာ ထပ်တိုးလာခဲ့ပြီး လူ ခြောက်သန်းလောက်ဟာ ယူကရိန်းကနေ အခြားနိုင်ငံတွေကို ထွက်ပြေးခဲ့ရပြီး ရှစ်သန်းလောက်ကတော့ နိုင်ငံတွင်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားနေပါတယ်။

ယူကရိန်းစစ်ပွဲကနေ ထွက်ပြေးလာသူတွေအပေါ် နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးFilippo Grandiက ချီးကျူးပြောဆိုလိုက်ပြီး ကမ္ဘာတ၀န်းရှိ အကြပ်အတည်းအားလုံးအတွက် အလားတူ လုပ်ဆောင်သင့်တယ်လို့ သူကတိုက်တွန်းပြောဆိုပါတယ်။

Ref: NHK
Photo:NHK
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW