မွန်ပြည်သစ်ပါတီတာဝန်ရှိသူတွေ နဲ့ နစက ဥက္ကဋ္ဌ တွေ့ဖို့ နေပြည်တော်မှာ အသင့်ဖြစ်

နေပြည်တော်-မေ-၂၂-၂၀၂၂
KT(VOM)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းချက်အရ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မွန်ပြည်သစ်ပါတီ (NMSP)ဒုတိယဥက္ကဋ္ဌ နိုင်အောင်မငေး ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်ရှိနေပါတယ်။

အရင်ရက်က RCSS/SSA ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ တွေ့ဆုံပြီးပြီဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) မှာ လက်မှတ် ရေးထိုး ထားတဲ့ ALP ၊ DKBA ၊ KNU/ KNLA-PC ၊ PNLO ၊ NMSP ၊ LDU ၊ RCSS အဖွဲ့ (၇) ဖွဲ့ တို့ဖြစ်ပြီး NCA မှာ လက်မှတ် မထိုးထားတဲ့ UWSA၊ NDAA ၊ SSPP အဖွဲ့ (၃) ဖွဲ့လည်း စာရင်းပေးထားတယ်လို့ နစက ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

#voiceofmyanmar #VOM #မွန်ပြည်သစ်ပါတီ #NMSP

Related posts

Leave a Comment

VOM News

FREE
VIEW