ခင်ဦးမြို့နယ်မှာ ၄လောင်းပြိုင် လူသတ်မှုဖြစ်ပွား

မေ ၊ ၂၂-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် သီဟတောကျေးရွာနားမှာ မနေ့ မေ ၂၁ ရက် ည ၇ နာရီဝန်းကျင်က ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” ဒီမနက်မှာ အသတ်ခံထားရလို့ သေဆုံးနေတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့ရတယ် ၊ သေဆုံးနေသူတွေကတော့ သီဟတောရွာက ကိုမောင်နိုင် ၊ ကိုဖိုးရှမ်း ၊ ကိုသန်းဇော်ဦးနဲ့ ကိုအီးတီ တို့ဖြစ်တယ်”လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

သေဆုံးသူ လူ ၄ ယောက်ဟာ မနေ့က ညနေပိုင်းမှာ သီဟတောရွာထဲကို လက်နက်ကိုင် အဖွဲ့အစည်းတခုက ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီ ၄ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး သေဆုံးသူ ရုပ်အလောင်းတွေကို ရင်ခွဲစစ်ဆေးပြီးနောက် ခင်ဦးမြို့နယ်ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ဒီကနေ့ နေ့လယ်ပိုင်းမှာ အမှုဖွင်အရေးယူဖို့ လုပ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီ ၄ လောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက သတ်ဖြတ်သွားတယ်ဆိုတာကိုတော့ VOMအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ခင်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ အောက်တိုဘာကစလို့ အခုနှစ် မေလအထိ အခုလို လူသတ်မှုတွေ အကြိမ်ရေ ၁၈၀ ထက်မနည်း ရှိခဲ့ပြီး လူသတ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးရမိတာမရှိဘူးလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ခင်ဦး #၄လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW