စက်သုံးဆီသင်္ဘောတွေ ရောက်ပြီလို့ပြောနေပေမယ့် ဆိုင်အချို့ ဆီပြတ်နေလို့ ပိတ်ထားရ

မေ ၂၃ -၂၀၂၂
VOM (GG)

မြန်မာနိုင်ငံကို ဆီတွေတင်လာတဲ့သင်္ဘေနှစ်စီး ဆိုက်ရောက်လို့ ဆီပြတ်စရာမရှိဘူးလို့ ပြောဆိုခဲ့ပေမယ့် ပြည်မြို့ စက်သုံးဆီဆိုင်အချို့ ဆီပြတ်လတ်ပြီး ပိတ်ထားတာကြောင့် 92 တစ်လီတာကို ၃၀၀၀ ကျပ်အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်သုံးဆီအရောင်းဆိုင်အကြီးတွေမှာပါ ၉၂ နဲ့ ၉၅ တွေပြတ်လတ်နေတာကြောင့် စက်သုံးဆီအကျန်ရှိနေတဲ့ ဆိုင်တွေက ကြိုက်စျေးခေါ်ပြီး ရောင်းချနေတာဖြစ်တယ်လို့သိရပါတယ်။

” စက်သုံးဆီဆိုင်တချို့မှာ 92 ရော ၊ 95 ရော ပြတ်နေတော့ ဆီဆိုင်ကို မနည်းလိုက်ရှာဖြည့်ရတယ်။ တချို့ဆိုင်ကျ 92ပြတ်တယ်။ new day ဆို မနက်ကတည်းကဆီလာဖြည့်သူတွေကိုပြန်လွှတ်တယ်”လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ပြည်မြို့ဒေသခံတဦးကပြောပါတယ်။

ပြည်မြို့မှာ မနက်ပိုင်းအချိန်က 92 တစ်လီတာကို ၂၂၀၀ကျော်ကနေ ၂၄၀၀ နီးပါးအထိရှိခဲ့ပြီး 95က ၂၃၀၀ ကျော်ကနေ ၂၄၀၀ ကျော်အထိ ရောင်းချခဲ့ရာ ညနေမှာတော့ ဆိုင်အချို့က စက်သုံးဆီပြတ်လတ်မှုအပေါ်မူတည်ကာ ဆီစျေးကိုကြိုက်စျေးခေါ် ရောင်းချနေတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

” မနက်က ဖြည့်ခဲ့တာ 92တစ်လီတာကို ၂၂၆၀ ၊ အခုညနေကျ ဆီပြတ်လို့ဆိုပြီး လိုက်ရှာတော့ ရိုးရိုးရောင်းဆိုင်လေးမှာရတယ် တစ်လီတာကို ၃၀၀၀ ပေးခဲ့ရတယ်”လို့ နောက်ထပ်ပြည်ဒေသခံတဦးကပြောပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း MPTA ကတော့ ပြည်တွင်းမှာ Ron 92/Ron 95 တွေကို Terminal တွေကနေ အဆက်မပြတ်ထုတ်ပေးနေတယ်လို့ မေလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

မေလ ၂၂ ရက်နေ့တုန်းကလည်း မြန်မာနိုင်ငံကို တန်ချိန်ပေါင်း ဓာတ်ဆီ ၁၇၂၀၀ သယ်ဆောင်လာတဲ့ MT YU HAI သင်္ဘော နဲ့ တန်ချိန်ပေါင်း (20000)သယ်ဆောင်လာတဲ့ Aberlour သင်္ဘော ၂ စီးရောက်ရှိထားတယ်လို MPTA က ပြောဆိုထားပါတယ်။

Photo- ဒီကနေ့မနက်ထဲက ပိတ်ထားတဲ့ဆီဆိုင်
#voiceofmyanmar #VOM #ပြည် #ဓာတ်ဆီဈေး

Related posts

✕
VOM News

FREE
VIEW