လယ်ကွင်းထဲ ဗုံးပေါက်လို့ အမျိုးသား ၁ ဦးသေပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

မေ ၂၂-၂၀၂၂
VOM ( GG)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ လယ်တီကျေးရွာအနီးက လယ်ကွင်းထဲမှာ ဗုံးပေါက်ကွဲခဲ့လို့ အမျိုးသား ၁ ဦးသေပြီး ၂ ယောက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့သိရပါတယ်။

သေဆုံးသူကတော့ ဦးခင်မောင်ဝင်း အသက် ၅၀ နှစ် ဖြစ်ပြီး ဒဏ်ရာအပြင်းအထန်ရရှိသူနှစ်ဦးကတော့ သက်နောင် ၂၈ နှစ် နဲ့ ဦးတင်စိုး ၆၈ နှစ် ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။

“ဖြစ်တာက မနေ့က မနက်ပိုင်းကပါ ၊ သေတဲ့သူက အပိုင်းပိုင်းပြတ်ပြီးသေတာ။ကျန်တဲ့ နှစ်ယောက်ကလည်း အခြေအနေစိုးရိမ်ရတယ်လို့သိရတယ် ၊ သူတို့ဘာသာ လုပ်ရင်းကနေပေါက်တာလို့ကြားတယ်။အတိကျတော့မသိဘူး”လို့ ကြို့ပင်ကောက်ဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရသူတွေကို ဆေးရုံကိုပို့ဆောင်ကာ ဆေးကုသပေးနေပေမယ့် အခြေအနေကစိုးရိမ်ရတယ်လို့သိရပါတယ်။

အဲ့ဒီ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး နစကဘက်ကလည်းထုတ်ပြန်တာမျိုးမရှိသေးသလို ကျန်တဲ့အဖွဲ့တွေကလည်း ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

#voiceofmyanmar #VOM #ကြို့ပင်ကောက် #လယ်ကွင်းထဲပေါက်ကွဲမှု #လူတဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW