ယူကရိန်းအရှေ့ပိုင်းရှိ မြို့ပေါင်း ၄၀ ကျော်ကို ရုရှားတပ်တွေ အပြင်းအထန် တိုက်ခိုက်နေ

ကိယက်ဗ်၊ မေ-၂၆-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်နက်ခ်နဲ့ လူဟန့်ခ်ဒေသရှိ မြို့ပေါင်း ၄၀ ကျော်ကို ရုရှားတပ်တွေက တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ယူကရိန်းဘက်ကပြောပါတယ်။

ဒီလိုတိုက်ခိုက်မှုကြောင့် နောက်ထပ်အရပ်သား ၅ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ အရပ်ဘက်အဆောက်အအုံ ၄၇ ခု ပျက်စီးခဲ့တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

ဒွန်ဘက်စ်ရှိ Severodonetsk နဲ့ Lysychansk မြို့တွေဟာလည်း အစောပိုင်းကတည်းက ရုရှားတပ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို အပြင်းအထန် ခံခဲ့ရပါတယ်။

ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှု ၁၀ ခုကို တွန်းလှန်နိုင်ခဲ့ပြီး ရုရှားတင့်ကားလေးစီးနဲ့ ဒရုန်းလေးစင်းကို ဖျက်ဆီးနိုင်ခဲ့ကာ ရုရှားတပ်ဖွဲ့၀င် ၆၂ ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းစစ်ဘက်က ပြောပါတယ်။

ဒီအတောအတွင်း ရုရှားဟာ စစ်မှုထမ်းဖို့အတွက် အမြင့်ဆုံးအသက်ကန့်သတ်ချက်ကို ရုပ်သိမ်းလိုက်ပါတယ်။

ဒါ့အပြင် ရုရှားသိမ်းပိုက်ထားတဲ့ ဒေသတွေမှာရှိတဲ့ ယူကရိန်းနိုင်ငံသားတွေအတွက် ရုရှားနိုင်ငံသားဖြစ်ဖို့ပိုမိုလွယ်ကူစေမယ့် အမိန့်တရပ်ကို သမ္မတပူတင်က လက်မှတ်ထိုး ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo: AFP/ Getty Images
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW