မုံရွာမြို့က နာမည်ကြီး ဟိုတယ်ပိုင်ရှင်နဲ့ ဝန်ထမ်းအမျိုးသမီး ၅ ဦးဖမ်းဆီးခံရ

မေ ၊ ၂၉ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နတ်လူထိပ်ပန်ရပ်ကွက် ၊ ဘိုးဘွားရိပ်သာ အဝိုင်းပတ်အနီး ဟိုတယ်တခုက အမျိုးသမီး ၅ ဦးကို မေ ၂၈ ရက် ၊ မနေ့ မနက်ပိုင်းက စစ်သားနဲ့ ရဲတွေက လာရောက် ဖမ်းဆီးသွားတယ်လို့ နတ်လူထိပ်ပန် ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

” တော်ဝင်ကျောက်စိမ်း ဟိုတယ်က လူတွေ ဖမ်းသွားတာပါ ၊ ဟိုတယ်ပိုင်ရှင် ဒေါ်အေးအေးခိုင် အပါအဝင် အမျိုးသမီး ၅ ဦးကို လာဖမ်းသွားတာ ” လို့ အဲ့ဒီ ဟိုတယ်ရဲ့ ဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီကိစ္စ ပတ်သက်ပြီး ၊ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ၊ တာဝန်ရှိသူတစ်ဦး ပြောတာက
” ဟိုတယ်ပိုင်ရှင် ဒေါ်အေးအေးခိုင် အပါအဝင် အမျိုးသမီး ၅ ယောက်ဟာ အကြမ်းဖက်သမားတွေနဲ့ ဆက်နွယ်နေလို့ ဖမ်းဆီး စစ်ဆေးနေတာပါ ” လို့ ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့ပေါ်မှာ ဒီလ အတွင်း စီးပွားရေး လုပ်ငန်းရှင်တချို့ ဖမ်းဆီးခံရတာတွေ ဖမ်းဆီးခံရတာ များလာတယ်လို့ သိရပါတယ်။

” မုံရွာမှာ အခုတလော ဖမ်းဆီးရေးလုပ်တာတွေ များလာနေတယ် ၊ သလ္လာအမှတ် ၂ ရပ်ကွက် ၊ ပေ ၈၀ လမ်းဘေးက ငယ်လေး လက်ဘက်ရည်ဆိုင် ပိုင်ရှင် ကိုငယ်လေး နဲ့ ရန်ကင်းရပ်ကွက် ၊ ရန်ကင်းကျောင်း အရှေ့ဘက်က ၊ လဝန်းအိမ် လက်ဘက်ရည်ဆိုင်ပိုင်ရှင် ဦးအောင်ရွှေတို့ ၂ ဦးလည်း အဖမ်းခံရတယ် ၊ အဲ့ဒါအပြင် လူမှုကူညီရေး အသင်းက ၊ စေတနာ့ဝန်ထမ်း ၆ ယောက်လည်း ဖမ်းခံထားရတယ်” လို့ မုံရွာမြို့ခံ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ဖမ်းခံထားရတဲ့ သူတွေရဲ့ မိသားစုတွေဟာ ဖမ်းခံရသူတွေနဲ့ အဆက်အသွယ် မရကြဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲကလည်း မုံရွာမြို့ပေါ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် လူ ၂၀ ကျော်ကို အကြမ်းဖက်သူတွေနဲ့ ဆက်နွယ်တယ်ဆိုပြီး ဖမ်းဆီးခံရပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ #တော်ဝင်ကျောက်စိမ်းဟိုတယ် #အဖမ်းဆီးသတင်း #အကြမ််းဖက်ဆက်နွှယ်

Related posts

Leave a Comment

VOM News

FREE
VIEW