ဒက္ခိဏသီရိမြို့နယ်မှာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတဦး သေဆုံး

မေ ၃၀-၂၀၂၂
KT(VOM)

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ထန်းတပင်ကွက်သစ်၊ ထန်းတပင်တောရဘုန်းကြီးကျောင်းရှေ့မှာ ဒီကနေ့ မေ ၃၀ရက် မနက်၅နာရီကျော်ခန့်က လက်လုပ်မိုင်း ပေါက်ကွဲပြီး အမျိုးသားတဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

” သူက ဗုံးပစ်ဖို့လုပ်တဲ့အချိန် လက်ထဲပေါက်ကွဲသွားတယ်လို့ထင်ပါတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

သေဆုံးသွားသူဟာ အသက်၂၉နှစ်အရွယ်၊ ရွှေကြာပင်ရပ်ကွက်နေတဲ့သူဖြစ်ပြီး သေဆုံးသူရဲ့အနီးမှာ သံဘောစိများ၊ ပေါက်ကွဲထားတဲ့ လက်လုပ်မိုင်းတစ်လုံးနှင့်အတူ လက်ဖဝါး စုတ်ပြဲဒဏ်ရာတွေ ရရှိသွားတာဖြစ်တယ်လို့ ရဲ့တပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

အခုလို့ ပေါက်ကွဲမှုဖြစ်ပြီး လူသေးဆုံးတာနဲ့ပတ်သက်ပြီး ဒက္ခိဏသီရိမြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

နေပြည်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းနဲ့ အခု မေလပိုင်းထဲမှာလည်း လက်ပန်ခါးလှနဲ့ ဒက္ခိဏသီရိ အမျိုးသမီးရေးရာရုံးရှေ့မှာ ပေါက်ကွဲမှုဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ပေါက်ကွဲမှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW