ရွှေတောင်ရွှေနန်းကျက်သရေ

ဆူးငှက် “ အိုင်ရေနဝရတ်နှုန်းတန္တီလို၊ ရွှေကျုံးဂ္ဘီရံကာသန်း၊ ပြည်ကြီးမွန်ဖောင်တော်ကမြန်းနှင့်၊ ရွှေတောင်ရွှေနန်းကျက်သရေ၊ ရွှေလောင်းရွှေလှေထွေထွေယှက်၊ တဇော်ရွှေစက် ရေလကျ်ာရစ်ခွေ ” ( ဦးပုည ) မန္တလေးသည် ယခု ၂၀၂၂ ခုနှစ်တွင် (၁၆၆)နှစ်သက်တမ်းကိုဖြတ်သန်းခဲ့သော မြို့တစ်မြို့ဖြစ်သည်။ ခရစ်နှစ်၁၈၅၆ခုနှစ်တွင် ရန်ကုန်မြို့၏မြောက်ဘက် ကီလိုမီတာ၇ဝဝအကွာ၊ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းခြေရှိ ကျယ်ပြန့်သောမြေအပြင်ရှိရာ မြောက်လတ္တီ ကျုဒ် ၂၁- ၅၈ ၊ အရှေ့လောင်ဂျီကျုဒ် ၉၆- ဝ၄ ဆုံရာအရပ်၌ မင်းတုန်းမင်းတြားကြီးက မန္တလေးကို စတင် တည်ထောင်ခဲ့သည်။ အမရပူရမြို့တော်ဟောင်း၌ မင်းတုန်းမင်း နန်းတက်သော ၁၈၅၃ ခုနှစ် ဖေဖော်ဝါရီလကတည်းက အောက်မြန်မာပြည်ရှိ မြို့တော်ရန်ကုန်ကို ကပ္ပတိန်ဖရေဇာက ခေတ်မီမြို့သစ်စီမံကိန်းအဖြစ် အကောင်အထည်ဖော်နေသောကြောင့်၊ ဝါးကပ်နှင့် သစ်သားအိမ်များပါများကာ လမ်းများကျဉ်းမြောင်းပြီး ဘေးအန္တရာယ်လည်းနီး၊ ကျန်းမာရေးနှင့်လည်း ဆန့်ကျင်သော အမရပူရမြို့ဟောင်းကို စွန့်ခွာကာ အောက်မြန်မာပြည် နည်းတူ မြို့သစ်နန်းသစ်…

Read More

ရှမ်းပြည်မြောက်ပိုင်းမြို့တချို့မှာ ဓာတ်ဆီအရောင်းပြတ်လို့ အခက်အခဲဖြစ်နေ

မေ ၃၀၊ ၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှာ ဒီကနေ့ မေလ ၃၀ ရက်နေ့လယ်ပိုင်းကစလို့ ဓာတ်ဆီ ပြတ်လပ်ကာ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံ ပြည်သူတွေနဲ့ တနိုင်တပိုင် စက်သုံးဆီ အရောင်းဆိုင်တွေ ဆီက သိရပါတယ်။ “မြို့ထဲက ဆိုင်တွေ အကုန်လုံး တဆိုင်မှ ဓာတ်ဆီ မရတော့ဘူး။ စိုးသစ္စာဆိုင်ရယ် ဟိုဘက်က သံလွင်ဆိုင်တို့ မြို့ထဲက ဆိုင် တဆိုင်မှ ဓာတ်ဆီ မရတော့ဘူး။ ဒီဇယ်တော့ ရနေသေးတယ်။” လို့ မူဆယ် မြို့ခံ ပြည်သူ တဦးက ပြောပါတယ်။ တနိုင်တပိုင် ဓာတ်ဆီ ရောင်းဝယ်သူတွေအနေနဲ့ အများဝယ်ရင် ဈေးပိုပေး ဝယ်ရတာကြောင့် ပို အခက်အခဲ ကြုံရကြောင်း ပြောပါတယ်။ “အခုက အရင်လို မဟုတ်ဘူး။ ဆိုင်ကယ်၊ ကားတွေမှာ ထည့်ရင်…

Read More

ဒက္ခိဏသီရိမြို့နယ်မှာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတဦး သေဆုံး

မေ ၃၀-၂၀၂၂ KT(VOM) နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ထန်းတပင်ကွက်သစ်၊ ထန်းတပင်တောရဘုန်းကြီးကျောင်းရှေ့မှာ ဒီကနေ့ မေ ၃၀ရက် မနက်၅နာရီကျော်ခန့်က လက်လုပ်မိုင်း ပေါက်ကွဲပြီး အမျိုးသားတဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ” သူက ဗုံးပစ်ဖို့လုပ်တဲ့အချိန် လက်ထဲပေါက်ကွဲသွားတယ်လို့ထင်ပါတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။ သေဆုံးသွားသူဟာ အသက်၂၉နှစ်အရွယ်၊ ရွှေကြာပင်ရပ်ကွက်နေတဲ့သူဖြစ်ပြီး သေဆုံးသူရဲ့အနီးမှာ သံဘောစိများ၊ ပေါက်ကွဲထားတဲ့ လက်လုပ်မိုင်းတစ်လုံးနှင့်အတူ လက်ဖဝါး စုတ်ပြဲဒဏ်ရာတွေ ရရှိသွားတာဖြစ်တယ်လို့ ရဲ့တပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ အခုလို့ ပေါက်ကွဲမှုဖြစ်ပြီး လူသေးဆုံးတာနဲ့ပတ်သက်ပြီး ဒက္ခိဏသီရိမြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ နေပြည်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းနဲ့ အခု မေလပိုင်းထဲမှာလည်း လက်ပန်ခါးလှနဲ့ ဒက္ခိဏသီရိ အမျိုးသမီးရေးရာရုံးရှေ့မှာ ပေါက်ကွဲမှုဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ပါသေးတယ်။ #voiceofmyanmar #VOM #နေပြည်တော် #ပေါက်ကွဲမှု #လူသေဆုံး

Read More

ဘရာဇီးမှာ ရေဘေးကြောင့် လူ ၇၉ ဦးထက်မနည်း သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

ဘရာဆီးလီးယား၊ မေ-၃၀-၂၀၂၂ မျိုးဆက်(VOM) ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၇၉ ဦးထက်မနည်းသေဆုံးကာ အများအပြားပျောက်ဆုံးနေပါတယ်။ ပါနမ်ဘူကိုပြည်နယ်နဲ့ သူ့ရဲ့မြို့တော် ရစီဖာတို့မှာ လွန်ခဲ့တဲ့ မေ ၂၅ ရက်ကတည်းက မိုးအကြီးအကျယ်ရွာသွန်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။ မြေပြိုမှုတွေကြောင့် လူအများအပြား သေဆုံးမှုနဲ့ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေကြောင်း ပြည်နယ်အာဏာပိုင်တွေကပြောပါတယ်။ လက်ရှိမှာ စစ်သားတွေနဲ့ ကယ်ဆယ်ရေးသမားတွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ မြေပြိုမှုတွေကြောင့် လူ ၄၀၀၀ ခန့်နေအိမ်တွေ ဆုံးရှုံးခဲ့ပြီး သူတို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပါတယ်။ ရှာဖွေရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကူညီဖို့ စစ်တပ်ကို စေလွှတ်ထားကြောင်း ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ပြောဆိုထားပြီး သူဟာ ဘေးသင့်ရာဒေသသို့ မေ ၃၀ ရက်မှာ သွားမယ်လို့ ပြောပါတယ်။ ဘရာဇီးနိုင်ငံဟာ ယမန်နှစ်ကလည်း မိုးရွာသွန်းမှုနဲ့ ဆက်နွယ်တဲ့ ဘေးအန္တရာယ်တွေ…

Read More

သင်္ဃန်းကျွန်းဆန္ဒပြပွဲမှာ လူငယ်(၅)ဦးဖမ်းဆီးခံရ

မေ ၃၀-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ကျိုက္ကဆံအနောက်ရပ်ကွက်၊ သုမင်္ဂလာလမ်းလမ်းဆုံမှာ ဒီကနေ့ နေ့လယ်ပိုင်းက ပြောက်ကျားသပိတ်ဆန္ဒပြပွဲကို စစ်တပ်ကဖမ်းဆီးခဲ့ရာ လူငယ်(၅)ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ “ပြောက်ကျားသပိတ်ကို စစ်တပ်နဲ့ရဲတွေက လိုက်ဖမ်းခဲ့တာ၊ တောင်ဥက္ကလာဘက်မှာ မိသွားတယ်ပြောတယ်၊ (၅)ဦးလို့တော့ ကြားတယ် သေချာတော့မသိသေးဘူး”လို့ မြို့ခံတဦးက ပြောပါတယ်။ ဆန္ဒပြသူ (၅)ဦး ဖမ်းဆီးခံရတယ်ဆိုတာမှန်ကန်ပြီး အမျိုးသမီး(၁)ဦးနဲ့အမျိုးသား(၄)ဦးတို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။ လှည့်ကင်းကားနဲ့ လိုက်လံဖမ်းဆီးရာ တောင်ဥက္ကလာပမြို့နယ်၊(၁၂) ရပ်ကွက်ရတနာလမ်းမှာ ပြည့်ဖြိုးအောင်၊ ဟိန်းထက်အောင်၊ ဘုန်းနိုင်ခန့်၊အာကာချမ်းအေး၊ စုလဲ့နှင်းတို့(၅)ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သူကရှင်းပြပါတယ်။ လက်ရှိအခြေအနေမှာ ဖမ်းဆီးရမိသူတွေကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ VOM သတင်းဌာနအနေနဲ့ အတည်မပြုနိူင်သေးပါဘူး။ ရန်ကုန်က မြို့နယ်အချို့မှာ ပြီးခဲ့တဲ့လတွေက ဆန္ဒပြသပိတ်စစ်ကြောင်းမှာ ပါဝင်သူအချို့ကို စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးခဲ့တဲ့ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။ Photo-လူငယ်ခေတ် #voiceofmyanmar #VOM #ရန်ကုန် #ပြောက်ကျားသပိတ် #လူငယ်၅ဦးဖမ်းဆီးခံရ

Read More

ရုရှားသမ္မတပူတင် နာမကျန်းဖြစ်တဲ့သတင်း နိုင်ငံခြားရေး၀န်ကြီး ငြင်းဆို

မော်စကို၊ မေ-၃၀-၂၀၂၂ မျိုးဆက်(VOM) ရုရှားသမ္မတပူတင် မကျန်းမမာဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို ရုရှားနိုင်ငံခြားရေး၀န်ကြီး ဆာဂေးလပ်ဗ်ရော့ဗ်က ငြင်းဆိုလိုက်ပါတယ်။ ရုရှားသမ္မတကို နေ့စဉ်နေ့တိုင်း လူမြင်ကွင်းမှာ မြင်တွေ့နေရပြီး ရောဂါတခုခုခံစားနေရတဲ့လက္ခဏာ မရှိဘူးလို့ ပြင်သစ်ရုပ်သံဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံခြားရေး၀န်ကြီးကပြောပါတယ်။ ယခုနှစ်မှာ အသက် ၇၀ပြည့်တော့မယ့် သမ္မတပူတင်ဟာ ကျန်းမာရေးမကောင်းဖြစ်ပြီး ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ သတင်းမီဒီယာတွေမှာ ထင်ကြေးပေး ရေးသားမှုတွေ ထွက်ပေါ်လာပြီးနောက် နိုင်ငံခြားရေး၀န်ကြီးက အခုလို ငြင်းဆိုလိုက်တာဖြစ်ပါတယ်။ သမ္မတပူတင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက အပြင်းဖျားနာခဲ့ကြောင်း ဗြိတိန်ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းဌာနတွေက ရေးသားဖော်ပြခဲ့ပါတယ်။ လက်ရှိမှာတော့ ရုရှားဟာ ယူကရိန်းနိုင်ငံ ဒွန်ဘက်စ်ဒေသမှာ အကြီးအကျယ်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အရှေ့ပိုင်းဒေသ လွတ်မြောက်ရေးဟာ ရုရှားအတွက် ချွင်းချက်မရှိ ဦးစားပေးဖြစ်တယ်လို့ ဆာဂေးလပ်ဗ်ရော့ဗ်က ပြောပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #မော်စကို

Read More

နစက ဥက္ကဋ္ဌ နဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုတိယဥက္ကဋ္ဌတို့ တွေ့ဆုံ

မေ ၃၀-၂၀၂၂ KT + KK (VOM) နစက ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု တို့အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံခဲ့ကြပါတယ်။ နစက ကောင်စီဥက္ကဋ္ဌနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေဆုံဆွေးနွေးမှုဟာ လေးကြိမ်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။ အရင်ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဥက္ကဋ္ဌစောထော့လေးအဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တာလည်းရှိပါတယ်။ မွန်ပြည်သစ်ပါတီ (NMSP)ဒုတိယဥက္ကဋ္ဌ နိုင်အောင်မငေး ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မေလ ၂၂ ရက်က တွေဆုံဆွေးနွေးခဲ့ပါသေးတယ်။ ဒါ့အပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်အဖွဲ့နဲ့လ ည်း မေလ ၂၀ ရက်က တွေ့ဆုံခဲ့ပါသေးတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)မှာ လက်မှတ်ရေးထိုးထားတဲ့ ALP…

Read More

နီပေါ လေယာဉ်ပျက်ကျမှု အလောင်း ၁၄ လောင်း ရှာဖွေတွေ့ရှိထား

ခတ္တမန္ဒူ ၊ မေ-၃၀-၂၀၂၂ မျိုးဆက်(VOM) နီပေါနိုင်ငံမှာ လူ ၂၂ ဦးလိုက်ပါသွားတဲ့ လေယာဉ်ငယ်တစ်စင်း ပျက်ကျတဲ့ နေရာကနေ ရုပ်အလောင်း ၁၄ လောင်းကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ လေဆိပ်တာ၀န်ရှိသူတဦးက မေ ၃၀ ရက်မှာ ပြောပါတယ်။ နီပေါနိုင်ငံ တာရာလေကြောင်းလိုင်း ပိုင်ဆိုင်တဲ့ အဲဒီလေယာဉ်ရဲ့ အပျက်အစီးတွေကို နိုင်ငံမြောက်ပိုင်း မူစတန်ခရိုင်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လေယာဉ်ဟာ ပျက်မကျခင် ငါးမိနစ်အလိုမှာ လေကြောင်းထိန်းချုပ်ရေးစင်တာနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ပျံသန်းချိန်စုစုပေါင်း မိနစ် ၂၀ ရှိတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ လက်ရှိမှာ ကျန်ရှိနေတဲ့ ခရီးသည်တွေကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း၊ ရာသီဥတုအလွန်ဆိုးရွားနေပေမယ့် ပျက်ကျရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့တဖွဲ့ကို ခေါ်ဆောင်နိုင်ခဲ့ကြောင်း မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီယိုချန်ဒလာလ်ကာရန်က ပြောပါတယ်။ ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ အိန္ဒိယနိုင်ငံသားလေးဦး၊ ဂျာမနီနိုင်ငံသားနှစ်ဦးနဲ့ နီပေါနိုင်ငံသား ၁၆ ဦးတို့ လိုက်ပါသွားခဲ့ကြောင်း…

Read More

ဘူးသီးတောင်၊ ညောင်ချောင်းဈေး မီးလောင်မှု ဆိုင်ခန်း (၂၄) ခန်းနဲ့ သိန်း (၂) ထောင်နီးပါး မီးလောင်ဆုံးရှုံး

မေ ၃၀-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းကျေးရွာမှာ ဒီကနေ့ မေလ ၃၀ ရက်နေ့ မနက်အစောပိုင်း ၂ နာရီလောက်က ဈေးမီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၂၄ ခန်း မီးလောင်သွားကာ ကာလတန်ဖိုး သိန်း ၂ ထောင်နီးပါး ဆုံးသွားတယ်လို့ ဈေးကော်မတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ညောင်ချောင်းကျေးရွာဒေသခံတဦးဖြစ်တဲ့ မာလာယာက “ ဈေးမီးလောင်တာဟုတ်ပါတယ်။ လိုင်းတန်း (၂) တန်းပါသွယ်တယ်။ တစ်တန်းမှာ ဆိုင်ခန်း (၁၂) ခန်းရှိတယ်။ အားလုံး (၂၄) ခန်းပါသွားပါတယ်။ မီးသတ်တပ်ဖွဲ့တော့မရောက်ဘူး။ ရွာသားတွေဝိုင်းပြီး ငြိမ်းသတ်ကြရတယ်။ ဒီဖက်မှာ လမ်းတွေဆိုးလို့ ထင်ပါတယ်” လို့ ပြောပါတယ်။ မီးလောင်ဆုံးရှုံးသွားတဲ့ ဆိုင်ခန်းတွေထဲမှာ ဆန်အိတ် (၁၀၀)ခန့်ရှိတဲ့ ဆိုင်ခန်း (၁၂) ခန်း၊ ပန်းပဲလုပ်ငန်းခွင် ဆိုင်ခန်း (၄) ခန်းနဲ့ ကုန်စုံဆိုင်ခန်းတွေ…

Read More
VOM News

FREE
VIEW