သင်္ဃန်းကျွန်းဆန္ဒပြပွဲမှာ လူငယ်(၅)ဦးဖမ်းဆီးခံရ

မေ ၃၀-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ကျိုက္ကဆံအနောက်ရပ်ကွက်၊ သုမင်္ဂလာလမ်းလမ်းဆုံမှာ ဒီကနေ့ နေ့လယ်ပိုင်းက ပြောက်ကျားသပိတ်ဆန္ဒပြပွဲကို စစ်တပ်ကဖမ်းဆီးခဲ့ရာ လူငယ်(၅)ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ပြောက်ကျားသပိတ်ကို စစ်တပ်နဲ့ရဲတွေက လိုက်ဖမ်းခဲ့တာ၊ တောင်ဥက္ကလာဘက်မှာ မိသွားတယ်ပြောတယ်၊
(၅)ဦးလို့တော့ ကြားတယ် သေချာတော့မသိသေးဘူး”လို့ မြို့ခံတဦးက ပြောပါတယ်။

ဆန္ဒပြသူ (၅)ဦး ဖမ်းဆီးခံရတယ်ဆိုတာမှန်ကန်ပြီး အမျိုးသမီး(၁)ဦးနဲ့အမျိုးသား(၄)ဦးတို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

လှည့်ကင်းကားနဲ့ လိုက်လံဖမ်းဆီးရာ တောင်ဥက္ကလာပမြို့နယ်၊(၁၂) ရပ်ကွက်ရတနာလမ်းမှာ ပြည့်ဖြိုးအောင်၊ ဟိန်းထက်အောင်၊ ဘုန်းနိုင်ခန့်၊အာကာချမ်းအေး၊ စုလဲ့နှင်းတို့(၅)ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သူကရှင်းပြပါတယ်။

လက်ရှိအခြေအနေမှာ ဖမ်းဆီးရမိသူတွေကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ VOM သတင်းဌာနအနေနဲ့ အတည်မပြုနိူင်သေးပါဘူး။

ရန်ကုန်က မြို့နယ်အချို့မှာ ပြီးခဲ့တဲ့လတွေက ဆန္ဒပြသပိတ်စစ်ကြောင်းမှာ ပါဝင်သူအချို့ကို စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးခဲ့တဲ့ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။

Photo-လူငယ်ခေတ်
#voiceofmyanmar #VOM #ရန်ကုန် #ပြောက်ကျားသပိတ် #လူငယ်၅ဦးဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW