ဘရာဇီးမှာ ရေဘေးကြောင့် လူ ၇၉ ဦးထက်မနည်း သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

ဘရာဆီးလီးယား၊ မေ-၃၀-၂၀၂၂
မျိုးဆက်(VOM)

ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၇၉ ဦးထက်မနည်းသေဆုံးကာ အများအပြားပျောက်ဆုံးနေပါတယ်။

ပါနမ်ဘူကိုပြည်နယ်နဲ့ သူ့ရဲ့မြို့တော် ရစီဖာတို့မှာ လွန်ခဲ့တဲ့ မေ ၂၅ ရက်ကတည်းက မိုးအကြီးအကျယ်ရွာသွန်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။

မြေပြိုမှုတွေကြောင့် လူအများအပြား သေဆုံးမှုနဲ့ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေကြောင်း ပြည်နယ်အာဏာပိုင်တွေကပြောပါတယ်။

လက်ရှိမှာ စစ်သားတွေနဲ့ ကယ်ဆယ်ရေးသမားတွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

မြေပြိုမှုတွေကြောင့် လူ ၄၀၀၀ ခန့်နေအိမ်တွေ ဆုံးရှုံးခဲ့ပြီး သူတို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပါတယ်။

ရှာဖွေရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကူညီဖို့ စစ်တပ်ကို စေလွှတ်ထားကြောင်း ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ပြောဆိုထားပြီး သူဟာ ဘေးသင့်ရာဒေသသို့ မေ ၃၀ ရက်မှာ သွားမယ်လို့ ပြောပါတယ်။

ဘရာဇီးနိုင်ငံဟာ ယမန်နှစ်ကလည်း မိုးရွာသွန်းမှုနဲ့ ဆက်နွယ်တဲ့ ဘေးအန္တရာယ်တွေ ကြုံတွေ့ခဲ့ရပါတယ်။

ဖေဖော်ဝါရီလအတွင်းကလည်း ရီယိုဒီဂျနေရိုးမြို့မှာ မြေပြိုမှုကြောင့် လူ ၂၃၀ ကျော် သေဆုံးခဲ့ပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ဘရာဆီးလီးယား

Related posts

Leave a Comment

VOM News

FREE
VIEW