ရှမ်းပြည်မြောက်ပိုင်းမြို့တချို့မှာ ဓာတ်ဆီအရောင်းပြတ်လို့ အခက်အခဲဖြစ်နေ

မေ ၃၀၊ ၂၀၂၂
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှာ ဒီကနေ့ မေလ ၃၀ ရက်နေ့လယ်ပိုင်းကစလို့ ဓာတ်ဆီ ပြတ်လပ်ကာ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံ ပြည်သူတွေနဲ့ တနိုင်တပိုင် စက်သုံးဆီ အရောင်းဆိုင်တွေ ဆီက သိရပါတယ်။

“မြို့ထဲက ဆိုင်တွေ အကုန်လုံး တဆိုင်မှ ဓာတ်ဆီ မရတော့ဘူး။ စိုးသစ္စာဆိုင်ရယ် ဟိုဘက်က သံလွင်ဆိုင်တို့ မြို့ထဲက ဆိုင် တဆိုင်မှ ဓာတ်ဆီ မရတော့ဘူး။ ဒီဇယ်တော့ ရနေသေးတယ်။” လို့ မူဆယ် မြို့ခံ ပြည်သူ တဦးက ပြောပါတယ်။

တနိုင်တပိုင် ဓာတ်ဆီ ရောင်းဝယ်သူတွေအနေနဲ့ အများဝယ်ရင် ဈေးပိုပေး ဝယ်ရတာကြောင့် ပို အခက်အခဲ ကြုံရကြောင်း ပြောပါတယ်။

“အခုက အရင်လို မဟုတ်ဘူး။ ဆိုင်ကယ်၊ ကားတွေမှာ ထည့်ရင် ဈေးနှုန်းသိသာတယ်။ ဝယ်ရလွယ်တယ်။ ကျွန်မတို့က တခါဝယ်ရင် ၁ ပေပါ၊ ၂ ပေပါ ပဲဝယ်ရောင်းတာ။ တဆိုင်မှာ ၂ ပုံးလောက်ပဲ ပေးတယ်။ ပြီးရင် ပို ဈေး ပေးရတယ်။ ဒီနေ့ဆိုရင် ကားထဲ ထည့်ရင် နလီတာ၂၄၀၀၊ ‌အများဈေးဆိုရင် ၂၈၀၀ ပေးရတယ်။ မနက်ဖြန်ဆိုရင် ဓာတ်ဆီက လုံးဝ မရတော့ဘူးလို့ ဆိုင်က ပြောလိုက်တယ်။” လို့ မုံးပေါ်ဒေသက တနိုင်တပိုင် ဓာတ်ဆီ ရောင်းသူက ပြောပါတယ်။” လို့ သူက ရှင်းပြပါတယ်။

လားရှိုးမှာလည်း ဓာတ်ဆီတွေ ပြတ်လပ်နေတာကြောင့်ဓာတ်ဆီတွေ အရောင်း ပိတ်ထားရကြောင်း လားရှိုး ဒေသခံ ၁ ဦးက ပြောပါတယ်။

ဒေသခံ တဦးက ဆိုင်တဆိုင်နဲ့ တဆိုင် ရောင်းတဲ့ ဈေးနှုန်းမတူပဲ ဓာတ်ဆီ တလီတာကို ၂၃၈၀ ကျပ် ကနေ ၃၂၀၀ ထိ ရှိတယ်လို့ ဆိုပါတယ်။

နစက အစိုးရ အနေနဲ့ စက်သုံးဆီတွေကို ခွဲတမ်း စနစ်နဲ့ မြို့တွေကို ချပေး ကြောင်း မကြာသေးမီက အသိပေးကြေငြာစာ ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #ရှမ်းပြည်မြောက်ပိုင်းဆီပြတ် #စီးပွားရေးသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW