ရုရှားသမ္မတပူတင် နာမကျန်းဖြစ်တဲ့သတင်း နိုင်ငံခြားရေး၀န်ကြီး ငြင်းဆို

မော်စကို၊ မေ-၃၀-၂၀၂၂
မျိုးဆက်(VOM)

ရုရှားသမ္မတပူတင် မကျန်းမမာဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို ရုရှားနိုင်ငံခြားရေး၀န်ကြီး ဆာဂေးလပ်ဗ်ရော့ဗ်က ငြင်းဆိုလိုက်ပါတယ်။

ရုရှားသမ္မတကို နေ့စဉ်နေ့တိုင်း လူမြင်ကွင်းမှာ မြင်တွေ့နေရပြီး ရောဂါတခုခုခံစားနေရတဲ့လက္ခဏာ မရှိဘူးလို့ ပြင်သစ်ရုပ်သံဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံခြားရေး၀န်ကြီးကပြောပါတယ်။

ယခုနှစ်မှာ အသက် ၇၀ပြည့်တော့မယ့် သမ္မတပူတင်ဟာ ကျန်းမာရေးမကောင်းဖြစ်ပြီး ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ သတင်းမီဒီယာတွေမှာ ထင်ကြေးပေး ရေးသားမှုတွေ ထွက်ပေါ်လာပြီးနောက် နိုင်ငံခြားရေး၀န်ကြီးက အခုလို ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

သမ္မတပူတင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက အပြင်းဖျားနာခဲ့ကြောင်း ဗြိတိန်ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းဌာနတွေက ရေးသားဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ ရုရှားဟာ ယူကရိန်းနိုင်ငံ ဒွန်ဘက်စ်ဒေသမှာ အကြီးအကျယ်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အရှေ့ပိုင်းဒေသ လွတ်မြောက်ရေးဟာ ရုရှားအတွက် ချွင်းချက်မရှိ ဦးစားပေးဖြစ်တယ်လို့ ဆာဂေးလပ်ဗ်ရော့ဗ်က ပြောပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW