နီပေါ လေယာဉ်ပျက်ကျမှု အလောင်း ၁၄ လောင်း ရှာဖွေတွေ့ရှိထား

ခတ္တမန္ဒူ ၊ မေ-၃၀-၂၀၂၂
မျိုးဆက်(VOM)

နီပေါနိုင်ငံမှာ လူ ၂၂ ဦးလိုက်ပါသွားတဲ့ လေယာဉ်ငယ်တစ်စင်း ပျက်ကျတဲ့ နေရာကနေ ရုပ်အလောင်း ၁၄ လောင်းကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ လေဆိပ်တာ၀န်ရှိသူတဦးက မေ ၃၀ ရက်မှာ ပြောပါတယ်။

နီပေါနိုင်ငံ တာရာလေကြောင်းလိုင်း ပိုင်ဆိုင်တဲ့ အဲဒီလေယာဉ်ရဲ့ အပျက်အစီးတွေကို နိုင်ငံမြောက်ပိုင်း မူစတန်ခရိုင်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

လေယာဉ်ဟာ ပျက်မကျခင် ငါးမိနစ်အလိုမှာ လေကြောင်းထိန်းချုပ်ရေးစင်တာနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ပျံသန်းချိန်စုစုပေါင်း မိနစ် ၂၀ ရှိတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။

လက်ရှိမှာ ကျန်ရှိနေတဲ့ ခရီးသည်တွေကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း၊ ရာသီဥတုအလွန်ဆိုးရွားနေပေမယ့် ပျက်ကျရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့တဖွဲ့ကို ခေါ်ဆောင်နိုင်ခဲ့ကြောင်း မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီယိုချန်ဒလာလ်ကာရန်က ပြောပါတယ်။

ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ အိန္ဒိယနိုင်ငံသားလေးဦး၊ ဂျာမနီနိုင်ငံသားနှစ်ဦးနဲ့ နီပေါနိုင်ငံသား ၁၆ ဦးတို့ လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ခတ္တမန္ဒူ

Related posts

Leave a Comment

VOM News

FREE
VIEW