နောင်ချိုမြို့နယ် ပညာရေးမှူးရုံးထဲ ဗုံးပေါက်လို့ ပညာရေးဝန်ထမ်း ၅ ဦး ပြင်းထန်ဒဏ်ရာရ

မေ ၃၁-၂၀၂၂
GG(VOM)

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ပညာရေးမှူးရုံးအတွင်းမှာ ဒီနေ့မေလ ၃၁ ရက်နေ့ နေ့ယ် ၃ နာရီခန့်က ပညာရေးမှူးရုံးအခန်းထဲ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပညာရေးဝန်ထမ်း ၅ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့သလို ရုံးအဆောက်အဦးနဲ့ပစ္စည်းတွေလည်း ပျက်စီးခဲ့တယ်လို့သိရပါတယ်။

” မြို့နယ်ပညာရေးမှူးရုံးအတွင်း ဗုံးပေါက်တယ်၊ ပညာရေး၀န်ထမ်း ၅ ဦး ဒဏ်ရာရပါတယ်။ “လို့ နောင်ချိုဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာ ပေါက်ကွဲမှုကြောင့်ဒဏ်ရာရသူတွေကို နောင်ချိုဆေးရုံမှာ ကုသမှုပေးနေကြောင်း နဲ့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ လတ်တလောပြောပြချက်တွေအရ သိရပါတယ်။

“မျက်စိရှေ့တင်ဖြစ်သွားတာ ၊ ပေါက်ကွဲသံအကျယ်ကြီးပဲ။ ပြီးတော့ ဒဏ်ရာရတဲ့သူတွေကို ခေါ်ထုတ်သွားကြတယ်။အဆောက်အဦးလည်း တော်တော်ပျက်စီးသွားတယ် “လို့ မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။

​ပညာရေးမှူးရုံးပေါက်ကွဲမှုဖြစ်အပြီးမှာ စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး လမ်းပိတ်ဆို့စစ်ဆေးရှာဖွေတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo- CJ
#voiceofmyanmar #VOM #နောင်ချို #ပညာရေးမှူးရုံး #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW